အဆိုတော် မျိုးကြီး NEGATIVE နှစ်ကြိမ်ပြ ၊ သုံးပတ် QUARANTINE ဆက်ဝင်ရမည်

2020-05-07 12:27:30


အဆိုတော် မျိုးကြီး NEGATIVE နှစ်ကြိမ်ပြ ၊ သုံးပတ် QUARANTINE ဆက်ဝင်ရမည်

အဆိုတော် မျိုးကြီး NEGATIVE နှစ်ကြိမ်ပြ ၊ သုံးပတ် QUARANTINE ဆက်ဝင်ရမည်


Iron Cross တေးဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် မျိုးကြီးဟာ ကိုဗစ်-၁၉ ကူးစက်ခံရမှုရှိ မရှိသိရအောင် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ ပြီးခဲ့တဲ့တခေါက်က Negative တစ်ကြိမ်ပြပြီး အခုရက်ပိုင်း Negative တစ်ကြိမ်ထပ်ပြခဲ့လို့ ရောဂါမတွေ့ရှိဘူးလို့ ဝေဘာဂီ အထူးကုဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်က ဒီဗွီဘီကိုပြောပါတယ်။


အဆိုတော် မျိုးကြီးမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါမတွေ့ရှိရပေမယ့် နောက်ထပ် သုံးပတ်ကြာ Quarantine ဆက်ဝင်ရမှာဖြစ်တယ်လို့လည်း ဆေးရုံအုပ်ကြီးက ပြောပါတယ်။


အဆိုတော် မျိုးကြီးအနေနဲ့ အခုရက်ပိုင်းမှာ Hotel Quarantine ၁၄ ရက် ၊ Home Quarantine ၇ ရက် စုစုပေါင်း ၂၁ ရက် ဆက်လက်ဝင်ရမှာဖြစ်ပါတယ်။


ဝေဘာဂီဆေးရုံကြီးမှာ ဆေးရုံဆင်းခွင့်ရသူ ၂၅ ယောက်ရှိပြီဖြစ်ပြီး၊ ဒီအထဲက ၃ ယောက်ဟာ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။


Photo Credit- Myo Gyi Facebook