နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုအတွင်းမှာ တရုတ်အမျိုးသမီးတစ်ဦး အာသာဖြေသည့်ဗွီဒီယို ထွက်ပေါ်လာ

2020-05-12 11:40:09


နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုအတွင်းမှာ တရုတ်အမျိုးသမီးတစ်ဦး အာသာဖြေသည့်ဗွီဒီယို ထွက်ပေါ်လာ

နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုအတွင်းမှာ တရုတ်အမျိုးသမီးတစ်ဦး အာသာဖြေသည့်ဗွီဒီယို ထွက်ပေါ်လာ


တရုတ်မှာ ရုံးခွဲဖွင့်ပြီး စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်နေတဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ ကုမ္ပဏီရုံးခန်းအတွင်းမှာ အမျိုးသမီးငယ်တစ်ဦး အာသာဖြေနေတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့တဲ့အတွက်၊ ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ အရှက်သိက္ခာ ကျခဲ့ရပါတယ်။


ကုမ္ပဏီအမည်ကတော့ ဆီဒင်အခြေစိုက် IKEA ကုမ္ပဏီဖြစ်ပြီး၊ အိမ်သုံးပရိဘောဂအသုံးအဆောင်တွေ ဖြန့်ဖြူရောင်းချတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ တရုတ်မှာလည်း ၎င်းတို့ ကုမ္ပဏီ ရုံးခွဲတွေများစွာရှိပြီး၊ အခု အခါမှာတော့ အမျိုးသမီးငယ်တစ်ယောက် ကုမ္ပဏီ Showroom အတွင်း အာသာဖြေနေတဲ့ဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့တာပါ။


အဆိုပါ အမျိုးသမီးငယ်ရဲ့ ဗွီဒီယိုဖိုင်ဟာ ဆင်ဆာဖြတ်တောက်မှုတောင် မရှိဘဲ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး၊ အဖိုးတန် ဆိုဖာတွေ၊ ဆက်တီတွေ၊ အိပ်ယာခုတင်တွေထက်မှာ ကူးချည်သန်းချည်နဲ့ အာသာဖြေခဲ့တာပါ။ ဒီဗွီဒီယိုကို ကြည့်ရှုသူ (၉)သန်းအထိ ရှိခဲ့ပါတယ်။


ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ အပြုအမူကို မိမိတို့အနေနဲ့ ပြစ်တင်ရှုံ့ချကြောင်း၊ ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းမှုဟာ အခုကိစ္စမှာ အသုံးချခံဖြစ်သွားခဲ့ပြီး၊ ဒါကို အထူးကြပ်မက်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။


လက်ရှိအချိန်ထိတော့ ကျူးလွန်သူ အမျိုးသမီးရဲ့အမည်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ စီးပွားရေး ကျွမ်းကျက်သူတွေရဲ့ အမြင်အရတော့ IKEA ကို တရုတ်အခြေစိုက် ပြိုင်ဘက်ကုမ္ပဏီတွေက အပုပ်ချတိုက်ခိုက်လိုလို့ ဒီလို လုပ်တာလို့ ထင်မြင်ယူဆနေပါတယ်။


လူမှုကွန်ရက်မှာတော့ အခင်းဖြစ်တဲ့ Showroom ဟာ Guangdong မှာတည်ရှိကြောင်း၊ နောက်ခံလေသံတွေကို နားထောင်ချင်းအားဖြင့် ဒါဟာ လူတွေ စည်းကားစွာ ရှိနေချိန်မှာတောင် ဒီအမျိုးသမီးက အတင့်ရဲစွာ အခုဗွီဒီယိုဖိုင်ကို ရိုက်ကူးခဲ့တာ ဖြစ်ပုံရတယ်လို့ ထောက်ပြခဲ့ကြပါတယ်။


လင်းဇော်ကို (D Nae Khit)