အခွင့်အရေးရခဲ့မယ်ဆိုရင်ရော်နယ်ဒင်ဟိုကိုထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ် – ဂါနာအခေါင်းထမ်း အကသမား

2020-05-12 11:41:10


အခွင့်အရေးရခဲ့မယ်ဆိုရင်ရော်နယ်ဒင်ဟိုကိုထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ် – ဂါနာအခေါင်းထမ်း အကသမား

အခွင့်အရေးရခဲ့မယ်ဆိုရင်ရော်နယ်ဒင်ဟိုကိုထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ် – ဂါနာအခေါင်းထမ်း အကသမား


အခွင့်အရေးတစ်ခုသာရခဲ့မယ်ဆိုရင် ရော်နယ်ဒင်ဟိုကို ထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ် လို့နာမည်ကျော် ဂါနာအခေါင်းထမ်းအကသမား ဘင်ဂျမင် အီဒိုးက ပြောပါတယ်။


တူညီဝတ်စုံတွေနဲ့အတူ အခေါင်းထမ်းပြီးကနေတဲ့ အီဒိုးနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဗွီဒီယိုဖိုင်ဟာ မကြာသေးခင် ကမ္ဘာကျော်သွား ခဲ့ပြီး နာမည်ကျော်မီးမ်တွေအဖြစ်လည်း အသုံးပြုခံခံခဲ့ရပါတယ်။


အီဒိုးဟာ Nana Otafrija Pallbearing and Waiting Service လုပ်ငန်းကို ၂၀၀၇ ခုနှစ်က ဂါနာနိုင်ငံ အက်ရာမြို့မှာ စတင်ခဲ့ပါတယ်။ သေဆုံးသူရဲ့အလောင်းကို ဂီတ၊ အကတို့နဲ့အတူ လိုက်ပါပို့ဆောင်ပေးခြင်း နဲ့ အသုဘအခမ်းအနားရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို လျော့ချပေးဖို့ ရည်ရွယ်ပြီး ဒီလိုစတင်ခဲ့တာပဲဖြစ်ပါတယ်။


တချို့အသုဘရှင်တွေက ထပ်ပြီးမငိုချင်တော့ပါဘူးလို့ အီဒိုးက Foot Mercato သတင်းနဲ့တွေ့ဆုံစဉ်မှာ သူ့လုပ်ငန်းအကြောင်းကိုရှင်းပြပါတယ်။


“တချို့ကကျတော့ အရမ်းကိုငိုကြွေးပူဆွေးကြပါတယ်။ သူတို့ဘာ သာငိုချင်ချင်၊ မငိုချင်ချင် ကျနော်က သူတို့ရဲ့ပူဆွေးမှုတွေကို လျော့နည်းသွားစေချင်ပါတယ်။ ပြီးတော့ သူတို့ကိုပျော်ရွှင်စေပြီး ကျနော်တို့ရဲ့ ဝန်ဆောင်မှုအတွက် ကျေးဇူးတင်နေမှာကို လိုချင်ပါတယ်။”


ချဲလ်ဆီးနဲ့ ဘာစီလိုနာပရိတ်သတ်တဦးက ဘယ်ဘောလုံးသမား အတွက်ဝန်ဆောင်မှုပေးချင်လဲလို့ အရွှမ်းဖောက်မေးမြန်းရာမှာ အီဒိုးက “ကျနော်ဘောလုံးသမားအားလုံးကို အသက်ရှည်ရှည်နေစေဖို့ ဆုတောင်းပေးပါတယ်။ ဒါပေမယ့် အခွင့်အရေးသာရမယ်ဆိုရင် ကျနော် ရော်နယ်‌ဒင်ဟိုကို ပုခုံးပေါ်ထမ်းပြီး ကပြဂုဏ်ပြုချင်ပါတယ်။ ဒင်ဟိုပြီးရင် မာရာဒိုနာပါ။ ပြီးတော့ မက်ဆီပေါ့။ ရော်နယ်ဒင်ဟိုဟာ ကျနော် အမြဲတမ်းအထင်ကြီးလေးစားရတဲ့ ကစားသမားတဦးဖြစ်ပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။


DVB TV News