ဝူဟန်မြို့တွင် ကိုရိုနာလူနာသစ် ၅ ဦး ထပ်တွေ့

2020-05-12 11:43:10


ဝူဟန်မြို့တွင် ကိုရိုနာလူနာသစ် ၅ ဦး ထပ်တွေ့

ဝူဟန်မြို့တွင် ကိုရိုနာလူနာသစ် ၅ ဦး ထပ်တွေ့


ဝူဟန်မြို့ အတည်ပြုလူနာ ငါးဦး ထပ်မံတွေ့ရှိခဲ့ပြီး သူတို့အားလုံးဟာ တနေရာတည်းမှာ နေတဲ့သူတွေလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


ဒါဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု အသစ်တခု ဖြစ်လာတယ်လို့ ဆိုပါတယ်။ လူနာအားလုံးဟာ အရင်က ရောဂါလက္ခဏာမပြတဲ့သူတွေပါ။


တရုတ်အစိုးရဟာ ရောဂါ လက္ခဏာမပြတဲ့သူတွေကို အတည်ပြူလူနာစာရင်းမှာ ထည့်သွင်းခြင်း မရှိပါဘူး။


ဝူဟန်မှာ ရောဂါလက္ခဏာ မပြတဲ့သူတွေ ရာနဲ့ချီပြီး ဧပြီ ၈ ရက်ကတည်းက ဆေးရုံက ပြန်ဆင်းခွင့်ပြူခဲ့ပေမဲ့ သူတို့ကို လက်ရှိမှာ စောင့်ကြည့်နေတယ်လို့ သတင်းက ဆိုပါတယ်။