ရဲအရာရှိဟောင်းကို ခေါင်းဖြတ်သတ်ပြီး၊ အသားတွေကို ချက်ပြုတ်စားသောက်ခဲ့တဲ့ သားအဖနှစ်ဦး

2020-05-13 21:51:26


ရဲအရာရှိဟောင်းကို ခေါင်းဖြတ်သတ်ပြီး၊ အသားတွေကို ချက်ပြုတ်စားသောက်ခဲ့တဲ့ သားအဖနှစ်ဦး

ရဲအရာရှိဟောင်းကို ခေါင်းဖြတ်သတ်ပြီး၊ အသားတွေကို ချက်ပြုတ်စားသောက်ခဲ့တဲ့ သားအဖနှစ်ဦး


ယူကရိန်းနိုင်ငံမှာ သားအဖနှစ်ဦးဟာ ရဲအရာရှိဟောင်းတစ်ဦးကို ခေါင်းဖြတ်သတ်ပြီးနောက်၊ ၎င်းရဲ့အသားတွေကို ညစာအတွက် အေးအေးဆေးဆေး ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တရားခံတွေရဲ့အမည်ကတော့ Maxim နဲ့ Yaroslav Kostyukov တို့ဖြစ်ကြပါတယ်။


Maxim ဟာ အသက်(၄၂)နှစ်ဖြစ်ပြီး Yaroslav Kostyukov ကတော့ အသက်(၂၁)နှစ်ပါ။ အသတ်ခံရတဲ့ ရဲအရာရှိအမည်ကတော့ Yevgeny ‘Zhenya’ Petrov ဖြစ်ပြီး၊ (၄၅)နှစ်ဖြစ်ပါတယ်။ သူဟာ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရပြီးနောက်၊ ခြေထောက်တွေကို ဖြတ်တောက်ခံခဲ့ရပါတယ်။


သွေးအေးလူသတ်သမားတွေလို့ နာမည်ကြီးခဲ့တဲ့ Maxim နဲ့ Yaroslav တို့ဟာ သူတို့ကို ရုံးမထုတ်ခင်နဲ့ ရုံးထုတ်အပြီးမှာ အခုလူသတ်မှုကို စိတ်ထဲမှာ ပေါ့ပေါ့ဆဆတွေးထားခဲ့ပုံရပြီး၊ နှစ်ယောက်သား ရယ်ရယ်မောမောနဲ့ စနောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


သူတို့နှစ်ယောက်ဟာ Zhenya ရဲ့ ဦးခေါင်းမဲ့နေတဲ့အလောင်းကို လူသူပြတ်လပ်တဲ့ အဆောက်ဦနှစ်ခုအကြားမှာ စွန့်ပစ်ခဲ့ပါတယ်။ လူသတ်မှု ကျူးလွန်ရခြင်းရဲ့ ပြန်လည်ပြောပြရာမှာတော့ သူတို့သုံးယောက်ဟာ မိတ်ရင်းဆွေရင်းတွေ ဖြစ်ကြောင်း ဆိုပါတယ်။




အခင်းဖြစ်တဲ့ညက သူူတို့ဟာ အရက်သေစာ သောက်စားမူးရူးခဲ့ကြပြီးနောက်၊ ရှေးဟောင်းနှောင်းဖြစ်များပြောကာ မထင်မှတ်ဘဲ အငြင်းပွားခဲ့ကြပါတယ်။ ဒီလိုနဲ့ Maxim နဲ့ Yaroslav တို့က တစ်ဖက် Zhenya က တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ၊ နောက်ဆုံး Zhenya အသတ်ခံခဲ့ရတာပါ။


သူတို့ဟာ Zhenya ရဲ့ နှလုံး၊ ကျောက်ကပ်၊ အသည်းတို့ကို ထုတ်ယူခဲ့တယ်လို့လည်း ဆိုပါတယ်။ ချက်ပြုတ်ထားတဲ့ အသားတွေကို သူတို့လည်း စားခဲ့သလို၊ အိမ်ရာမဲ့တစ်ဦးဖြစ်တဲ့ Yura ကိုလည်း အဲဒီအသားနဲ့ ထမင်းဟင်း ကျွေးခဲ့သေးတယ်လို့ ဆိုပါတယ်။




ဒါပေမယ့် နောက်တော့ သူတို့ဟာ ဒီချက်ပြုတ်စားသောက်တယ်ဆိုတဲ့ ဝန်ခံထားမှုကို ပယ်ဖျက်ပေးဖို့၊ မူးမူးနဲ့ ရမ်းပြောခဲ့တာလို့လည်း ဆိုပါတယ်။ ဒီအမှုကို တရားရုံးက ဆက်လက်စစ်ဆေးနေပြီး၊ Maxim နဲ့ Yaroslav တို့ဟာ အနည်းဆုံး ထောင်ဒဏ်(၁၅)နှစ်စီ ကျခံရဖို့ ရှိနေပါတယ်။


လင်းဇော်ကို (D Nae Khit)