(၇)လအရွယ်ကတည်းက ပြန်ပေးဆွဲပြီးရောင်းစားခံရသူ (၃၃)နှစ်အကြာမှာ မိဘတွေနဲ့ပြန်ဆုံ

2020-05-13 21:53:13


(၇)လအရွယ်ကတည်းက ပြန်ပေးဆွဲပြီးရောင်းစားခံရသူ (၃၃)နှစ်အကြာမှာ မိဘတွေနဲ့ပြန်ဆုံ

(၇)လအရွယ်ကတည်းက ပြန်ပေးဆွဲပြီးရောင်းစားခံရသူ (၃၃)နှစ်အကြာမှာ မိဘတွေနဲ့ပြန်ဆုံ


အသက်(၇)လအရွယ်ကတည်းက ပြန်ပေးသမားရဲ့လက်ထဲကို ရောက်ခဲ့ရတဲ့ အမျိုးသားတစ်ယောက်ဟာ (၃၃)နှစ်အကြာမှာပဲ မိဘတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။ သူ့အမည်ကတော့ Zhang Wei ဖြစ်ပါတယ်။ သူ့ဇာတိကတော့ တရုတ်မြောက်ပိုင်း Baotou မှာ နေထိုင်ပါတယ်။


မိဘတွေကတော့ Zhang Shengrong နဲ့ မိခင်အမည်မှာ Mrs Zhang ဖြစ်ပါတယ်။ သူဟာ နေအိမ်ခုတင်ထက်မှာ အိပ်ပျော်နေချိန်၊ ဖခင် Shengrong ကလည်း ခေတ္တ နေအိမ်အပြင်ဘက်ကို စျေးသွားဝယ်ချိန်မှာ ကလေးကို ပြန်ပေးသမားက ဝင်ခိုးသွားခဲ့တာပါ။ အဲဒီကတည်းက Wei တစ်ယောက် ပြန်ပေါ်မလာတော့ပါဘူး။




လက်ရှိအချိန်မှာတော့ DNA နည်းပညာက အလွန်ကို ကောင်းမွန်လာခဲ့ပြီး၊ မိဘတွေနဲ့ ငယ်စဉ်ကတည်းက ဝေးခဲ့ရသူတွေ၊ ငယ်စဉ်ကတည်းက ပြန်ပေးဆွဲခံရသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားတဲ့ ဆွေမျိုးသားချင်းတွေကို ပြန်လည်ဆုံစဉ်နိုင်အောင် အကျိုးဆောင်နေတဲ့ အဖွဲ့တွေ ပေါ်လာခဲ့ပါတယ်။


DNA သက်သေပေါင်း သောင်းနဲ့ချီစုဆောင်းကာ လူပျောက်တိုင်ကြားသူတွေရဲ့ DNA နဲ့ တိုက်ဆိုင်စစ်ဆေးပေးမှုတွေ ရှိလာခဲ့ပါတယ်။ အခုလည်း Zhang Shengrong တို့ရဲ့ DNA ဟာ မိုင်ပေါင်း (၇၇၀)အဝေးက Wei ရဲ့ DNA နဲ့ တိုက်ဆိုင်စွာ တူညီနေခဲ့ပါတယ်။




Wei ဟာ အခုဆိုရင် (၃၄)နှစ် ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက Mr နဲ့ Mrs Zhang တို့ကို ဆက်သွယ်ခဲ့ပြီး၊ ၎င်းတို့ရဲ့သားကို ပြန်တွေ့ရပြီလို့ ပြောခဲ့ပါတယ်။ Wei ကို မွေးစားထားတဲ့ မွေးစားမိခင်က သက်ရှိထင်ရှား ရှိနေဆဲပါ။ သူမရဲ့ ယောက်ကျားကတော့ ပြီးခဲ့တဲ့ (၁၀)နှစ်လောက်က ဆုံးပါးသွားပါတယ်။


မွေးစားမိဘတွေဟာ သားထောက်သမီးခံမရှိလို့ ကလေးမွေးစားဖို့ ကြိုးစားနေစဉ်၊ ပြန်ပေးသမားတွေက Wei ကို အဖိုးအခနည်းနည်းနဲ့ လာရောက်ရောင်းချခဲ့ပါသတဲ့။ ရဲတွေကတော့ ဒီဖြစ်စဉ်နောက်ကွယ်ကို စုံစမ်းဖော်ထုတ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Wei ကတော့ မိဘတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့ပါပြီ။


လင်းဇော်ကို (D Nae Khit)