၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်းများ – 14.5.2020 မှ 20.5.2020 အထိ

2020-05-15 12:49:32


၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်းများ – 14.5.2020 မှ 20.5.2020 အထိ

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်းများ – 14.5.2020 မှ 20.5.2020 အထိ


တနင်္ဂနွေ


လုပ်ငန်းများ တာဝန်ယူဦးဆောင်ခြင်း၊ ရေရှည်မျှော်မှန်းပြီး အစီအစဉ်ချမှတ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းများ နှင့်အတူ စီးပွားရေးလုပ်ငန်းသစ်များ စတင်ရန် အချိန်ကောင်းဖြစ်သည်။ မည်သည့်ကိစ္စတွင်မဆို မှန်မှန်ကန်ကန်မျှမျှတတဖြင့် ဖြေရှင်းရမည့်အချိန် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ အထူးကောင်းမွန်နေသော်လည်း အနောက်အရပ်နှင့် မြောက်အရပ် တွင် စီးပွားရှာရန် ခရီးမသွားသင့်ပါ။ အရမ်းပင်ပန်းနေရင်တော့ အနားယူ၊အပန်းဖြေပြီးမှလုပ်စရာရှိတာကိုစလုပ်သင့် ပါတယ်။ တစ်ပါးသူတို့နှင့် ငွေပေး၊ ငွေယူကိစ္စ ရှင်းရှင်းဖြစ်ရန်လိုပါသည်။ အလုပ်တစ်ခုအပေါ်တွင် စွဲမိစွဲရာလုပ်ကိုင် နေမိတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ အပူသောကများနေတတ်ပါတယ်။ သားသမီးအတွက်စိတ်ပင်ပန်းရတတ်ပါတယ်။ အသီး ကောင်းကောင်းကိုရရှိစေရန်အတွက် အပင်ကောင်းကောင်းကို ရွေးချယ်စိုက်ပျိုးရပေလိမ့်မည်။ အပြုသဘောကြံစည်တွေး တော၍ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း သင့်ဘဝအောင်မြင်ရေးအတွက် သော့ချက်တစ်ခုဖြစ်သည်။ အချစ်ရေး တွင် ချစ်ကြသူအချင်းချင်း ကြည်ဖြူကြပါလျှက် ကြားစကားတွေကိုယုံကြည်လက်မခံမိပါစေနှင့်။ အိမ်ထောင်ရေးနှင့်ပက်သက်ပြီး တော့ အဆင်ပြေလိုက် မပြေလိုက်ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအညံ့မရှိသေးပါ။ အပေါ်ယံရောဂါလောက်ပဲ ဖြစ်တတ်ပါ တယ်။ ပညာရေးမှာတော့ မိမိတတ်သိထားတဲ့ပညာတွေကို ဖြန့်ဝေခွင့်ရမယ့်ကာလပါပဲ။


အကျိုးပေးဂဏန်း ၁/၈/၅ ၊ အထူးဟော စီးပွားရေး တစိုက်မတ်မတ်ပြန်လည်တိုးတတ်လာမည်။ယတြာ လစ်ပိုတစ်ပုလင်းဖွင့်ဖောက်ပြီး ဘုရားကပ်လှူလိုက်ပါ။


တနင်္လာ


အတော်အတန်ရှုတ်ထွေးသော လုပ်ငန်းကိစ္စရပ်များနှင့် ကြုံရတတ်ပါသေးတယ်။ မည်သည့်ပြဿနာအခက်အခဲနဲ့ ကြုံကြုံ မတုန်လှုပ်သင့်ပါ။ ဥစ္စာပစ္စည်းပြည့်စုံစွာဖြင့် တန်ဖိုးကြီးပစ္စည်းများပိုင်ဆိုင်ခွင့်များ ခံစားရပါလိမ့်မည်။ လိမ္မာသော သားသမီးများရဲ့အကျိုးကျေးဇူးများ ခံစားရပါလိမ့်မည်။ ဌာနဆိုင်ရာအတွင်း ရာထူးတိုးခံစားခွင့်များ ကြုံရပါလိမ့်မည်။ သူတစ်ပါး ၏‌ ပြောဆိုမှုများအပေါ်တွင် ယုံကြည်စွာလက်ခံလွယ်ပြီး နောင်မှနောင်တရတတ်သည်။ မည်မျှပင်ပြည့်စုံမှု ရှိပါသော်လည်းစိတ်ချမ်းသာမှု ကင်းမဲ့နေတတ်ပါတယ်။ အရှေ့အရပ်ဒေသမှ မိတ်ဆွေကောင်းများနှင့် ပူးတွဲလုပ်ကိုင်မှုများမှ အကျိုးကျေးဇူး ခံစားရ ပါလိမ့်မည်။ ကျန်းမာရေးတော့ အထူးဂရုစိုက်သင့်ပါတယ်။ ရပ်ဝေးခရီး၊ ပြည်ပခရီးတို့တွင် မျှော်လင့်ထားသည်ထက် အဆင်ပြေမှုကြုံရတတ်သည်။ အချစ်ရေးတွင် ချစ်သူသည် မိမိအပေါ်အချစ်လျော့နေတတ်ပါတယ်။ မိမိကပဲ အဆက်အသွယ် လုပ် နေရတတ်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်ဒိုးတူဘောင်ဘက် လုပ်ကိုင်ဆောင်ရွက်ဖြစ်မည်။ တစ်ယောက် နဲ့တစ်ယောက်နားလည်မှု ရရှိလိမ့်မယ်။ ကျန်းမာရေးအတွက် စိတ်ပူစရာသိပ်မလိုသော်လည်း ရေချိုးမှားတတ်သည်။ လူငယ်များ ရေကူးခြင်းကို ဒီအပတ် ရှောင်စေချင်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင် သင်ယူလိုစိတ်ကုန်ခမ်းနေတတ်ပါတယ်။


အကျိုးပေးဂဏန်း ၅/၆/၉ ၊ အထူးဟော စိတ်လေနေတတ်ပါတယ်။ယတြာ ပန်းသီးစိပ်ပြီး ဘုရားကပ်လှူလိုက်ပါ။


အင်္ဂါ


ရပ်ဝေးခရီး၊နယ်စပ်ခရီးများလည်း မသွားချင်ဘဲသွား နေရမည်။ မိမိဩဇာဂုဏ်သိက္ခာနှင့် အလုပ်ကိစ္စဟူသမျှ အဆင် မပြေ၊ စိတ်တိုင်းမကျသောဖြစ်ရပ်များနှင့် ကြုံရစေ တတ်ပါတယ်။ တစ်ရပ်တစ်ပါး ၊ ဒေသများဆီသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရတတ်ပါတယ်။ စပ်တူစီးပွား ပူးတွဲလုပ်ကိုင်ကြသူများ၏ မရိုးသားမှုများ၊ ငွေကြေးဥစ္စာလိမ်ညာလှည့်စားမှုများ ကြုံရစေတတ်ပါတယ်။ အခက်အခဲ ခယောင်းလမ်းကို လျှောက်လှမ်းရတတ်ချိန်မျိုးပါ။ လောကဓံ၏ဆိုးကျိုးများကို ခံရတတ်ပါ သည်။ ပြောမနိုင်၊ ဆိုမရသည့် ဆန့်ကျင်ဘက်ပြုလိုသူများနှင့် ကြုံတွေ့ဆက်ဆံနေရပါလိမ့်မည်။ မိမိအိမ်သို့ အိမ်ထောင်ပျက် များ ဝင်လာတတ်ပါသည်။ လက်မခံပါနှင့်။ အိမ်ထောင်ဖက်ကြောင့် ငွေကြေးကုန်ကျမှုများပြားနေပါလိမ့်မည်။ အိမ်ထောင် ရေးမှာတော့ လိင်မတူသူတွေရဲ့ အနှောက်အယှက်ကြောင့် အိမ်ထောင်ဘက်နဲ့စိတ်ဝမ်းကွဲတတ်ပါတယ်။ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လေးလံထိုင်းမှိုင်း၍ ပျင်းရိနေတတ်မည်။ အပြုအမူမှန်သမျှသည် အစွန်းရောက် စိတ်ထားများ ရှိနေသကဲ့သို့ ဖြစ်ပေးနေမိပါလိမ့်မည်။ အချစ်ရေးမှာ အလုပ်များနေပြီးတော့ ချစ်သူကို မေ့နေတတ်ပါတယ်။ ကျန်းမာရေး နဲ့ပက်သက်ပြီးတော့လဲ အနည်းငယ်ဂရုစိုက်ပါ။ ခေါင်းကြည်အောင်နေပါ။ မနက်စောစောလမ်းလျှောက်ပါ။ ပညာရေးတွင် မိမိလိုချင်စိတ်ထက် ဖိအားတွေကြောင့်လုပ်နေရတတ်ပါတယ်။


အကျိုးပေးဂဏန်း ၃/၆/၇ ၊ အထူးဟော စိတ်ပင်ပန်းရနေတတ်ပါတယ်။ယတြာ ဆေးအလှူလေးတွေများများလုပ်ပါ။


ဗုဒ္ဓဟူး/ရာဟု


မိမိအနေဖြင့် ဆုံးဖြတ်ချက်ချပြီးသော အရာတိုင်းအတွက် ပြီးစီးအောင်မြင်စေရန် တိတိကျကျ လုပ်ကိုင် ဆောင်ရွက် နိုင်ရန် လိုအပ်ပါသည်။ နာမည်ဂုဏ်သတင်းကြီး၍ ကျော်ဇောထင်ရှားမည်။ တည်ငြိမ်သောအောင်မြင်မှုရရှိရန် အပေါင်းအသင်း သတိပြုပါ။ မိမိကိုခြေထိုးခံရန် စောင့်နေတတ်သူရှိ၏။ သတိထားပါ။ အကြံသစ်၊ ဉာဏ်သစ်၊ လုပ်ငန်းသစ်ကြောင့် လုပ်ငန်းတိုင်း အောင်မြင်ပါလိမ့်မည်။ လောင်းကစားမှုအမျိုးမျိုးကို သတိရှိရှိလုပ်ဆောင်သင့်ချိန်ပါ။ ဥစ္စာငွေကြေး၊ အစုလိုက်၊ အပြုံလိုက်ဖြင့်ရရှိခံစားနေရပါလိမ့်မည်။တစ်ပါးသူအပေါ်တွင် ယုံကြည်မှုများ လွန်ကဲနေမိတတ်ပါတယ်။ တပည့်လက်အောက် ငယ်သားများ၏ အကျိုးကျေးဇူးများ မခံစားရတတ်ပါ။ဘာသာရေးလုပ်သူများ ကုသိုလ်ကံထူးခြားစွာကောင်းမွန်နေပါလိမ့် မည်။ ပညာရေးနှင့်ဆိုင်သောကိစ္စရပ်တိုင်းတွင် စိတ်ပါဝင်စားမှုလွန်ကဲနေမိပါလိမ့်မည်။ နိုင်ငံခြား ပညာတော်သင်ခရီး များသွား ရတတ်ပါတယ်။ မိမိအယူအဆ၊ အတွေးအခေါ်များ အပေါ်တွင် အများ၏ လက်ခံအားပေးမှုများ ရရှိပါလိမ့်မည်။ အိမ်ထောင် ရေးသာယာပါလိမ့်မယ်။ အိမ်ထောင်ဘက်က မိမိကိုဂရုစိုက်ပါလိမ့်မယ်။ အချစ်ရေးတွင် စိတ်ချမ်းသာစရာများ နေတတ်ပါ တယ်။ချစ်သူနဲ့အနာဂတ် လက်တွဲဖို့တိုင်ပင်လို့ကောင်းပါတယ်။ ကျန်းမာရေးကတော့အထူးကောင်းနေတတ်ပါတယ်။ လေကောင်း လေသန့် ရအောင်နေလေ ကျန်းမာလေပါပဲ။


အကျိုးပေးဂဏန်း ၁/ဝ/၄ ၊ အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ယတြာ ထန်းလျက် ၁၁လုံးဘုရားကပ်လှူလိုက်ပါ။


ကြာသပတေး


ဒီကာလအတွင်းမပြီးပြတ်သေးသောလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည်။ ဆရာသမားများထံမှ နည်းပညာအသစ်အဆန်းများ လေ့လာသင်ယူခွင့် ရရှိပါလိမ့်မည်။ စီးပွားရေး လုပ်ငန်းများ သင့်နေပါတယ်။ ညီအစ်ကိုမောင်နှမ များအတွက် ထောက်ပံ့ကူညီမှု ပြုပေးရပါလိမ့် မည်။ အိမ်ထောင်ဖက်နှင့်ဆိုင်သော ငွေကြေးဥစ္စာပစ္စည်းများ ဝင်လာပါလိမ့် မည်။ စပ်တူစီးပွားရေး လုပ်ငန်းရှင် များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု ပြုရပါလိမ့်မည်။ အတွင်းပစ္စည်းများ ဝယ်ယူ စုဆောင်းမှု ပြုရပါလိမ့်မည်။ ဥစ္စာပစ္စည်းများ ရလိုက်၊ ကုန်လိုက်နှင့် ဖြစ်နေတတ်ခြင်းကြောင့် အသုံးအစွဲ ချွေတာစိစစ်ပါရန် အထူး လိုအပ်ပါသည်။ သံတမန်ရေးရာကိစ္စများ နိုင်ငံခြားနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်း ကိစ္စများ လုပ်ကိုင်ဆောင်ရွက် ဖြစ်မည်။ အိမ်ထောင်ဖက်က မိမိကို ကရုဏာတရားကြီးမားစွာ ပြုစုယုယ နေမိပါလိမ့်မည်။တရားလိုက်စားသူများ တရားထူး၊ အသိထူးများ ရရှိခံစားစေရပါလိမ့်မည်။ ဆန္ဒနှင့်ဘဝထပ်တူကျမည်။ ဖန်တီးနိုင်သော စွမ်းအားသစ်နှင့် ရိုးသားစွာ ကြိုးစားမှု တို့ကြောင့် ရုတ်တရက်အောင်မြင်ခွင့်ရမည်။ အချစ်ရေးတွင် စန်းလွန်စွာမှပွင့်နေတတ်ပါတယ်။ ချစ်သူခင်သူပေါများနေတတ်ပါ တယ်။ ချစ်သူကိုဖွင့်ပြောလို့ အလွန်ကောင်းပါတယ်။ ကျန်းမာရေးကတော့ ညံ့နေတာတော့မရှိပါဘူး။ ဒါပေမယ့် အငန်တော့ လျှော့စားစေချင်ပါတယ်။ အပူအစပ်တွေလဲ လျှော့စားသင့်ပါတယ်။


အကျိုးပေးဂဏန်း ၁/၂/၅ ၊ အထူးဟော လူချစ်လူခင်များနေတတ်ပါတယ်။ယတြာ ကြံရည်ဘုရားကပ်လှူလိုက်ပါ။


သောကြာ


ဒီကာလအတွင်းမကောင်းသော မိတ်ဆွေများအပေါ်တွင် ယုံကြည်မိသောစိတ်များကြောင့် အခက်အခဲများ ကြုံတွေ့ရ စေတတ် ပါသည်။ အရာရာတွင် မိမိလိုအပ်ချက်၊ စိတ်ဆန္ဒနှင့် ကိုက်ညီမှုမရှိဖြစ်ရခြင်းအတွက် အမျက်ဒေါသစိတ် ကြီးမားနေ မိပါလိမ့်မည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် အကျိုးခံစားခွင့်နည်းပါးစေတတ်ပါတယ်။ စကားပြောဆိုရာတွင် သူတစ်ပါး၏ အပြစ်ကို ရှာကြံပြောဆိုမိခြင်းမျိုးမဖြစ်စေရန် သတိပြုဆင်ခြင်ရန်လိုပါသည်။ရေနှင့်ပတ်သက်သော အန္တရာယ်မကင်းစေသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ရတတ်ပါတယ်။ အချို့သောကိစ္စ များတွင် အချိန်ယူစောင့်ဆိုင်းမိခြင်းကြောင့် အခွင့်အရေးကောင်းများ လက်လွတ်သွားရစေတတ်ပါတယ်။ ဥစ္စာစီးပွားရှာဖွေရာတွင် ကျွမ်းကျင် ကျင်လည်စွာ လုပ်ကိုင်ဆောင်ရွက်မှု ပြုပေးရပါလိမ့် မည်။ မိခင်၏ဆွေမျိုးသားချင်း၊ အသိုင်းအဝိုင်းထဲမှ အကူအညီများစွာ ရရှိပါလိမ့်မည်။ အထက်လူကြီး၊ ဆရာသမားများ၏ မြှောက်စားချီးမြှင့်ခြင်း ခံရပါလိမ့်မည်။ ဘုရားဖူးခရီး မကြာမကြာသွားလိုစိတ်များ ဖြစ်ပေါ်နေမိပါလိမ့်မည်။ အချစ်ရေးမှာ တော့ ချစ်သူအပေါ် အထိနာစေမယ့် စကားတွေမပြောမိပါစေနဲ့ ။အပြီးတိုင်ဝေးသွားပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီး တော့ ဒီကာလမှာတော့ စီးပွားရေးအားထုတ်မှုတွေများများလုပ်နေတဲ့ အိမ်ထောင်ဘက်ကို ကူညီပေးရတတ်ပါတယ်။ ကျန်းမာ ရေးမှာတော့ ဆီး၊ခြင်ဆီ၊အဆုတ်အားနည်းတာမျိုးတွေဖြစ်နေတတ်ပါတယ်။


အကျိုးပေးဂဏန်း ၂/၃/၆ ၊ အထူးဟော ကံအားနည်းနေတတ်ပါတယ်။ယတြာ ကန်စွန်းရွက်ကြော်ဘုရားကပ်လှူလိုက်ပါ။


စနေ


ဒီကာလအတွင်းစိတ်ချမ်းသာပျော်မွေ့၍ သောကကင်းသည့် အချိန်ဖြစ်ပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို စပ်တူ လုပ်ကိုင်ဆောင်ရွက်ပါလျှင် အလွန်ကောင်းမွန်သော အချိန်အခါဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်များနှင့် ပတ်သက်၍ ဆက်ဆံ ရေးတွင် အဆင်ပြေပြီး တုံ့ပြန်မှုကောင်းများ ခံစားရပါလိမ့်မည်။ တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများ၏ အကူအညီများ ရယူ သင့်ပါတယ်။ လူမှုရေး၊ စီးပွားရေး အစစအရာရာကောင်းမွန်နေပါတယ်။ အမှန်တရား၊ အမှန်စကားသာပြောတတ်ခြင်းကြောင့် လူအများရဲ့လေးစားခြင်းကို ခံရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ် ညံ့နေ၍ အစာမှား၊ ဆေးမှား ဖြစ်စေရတတ်ပါတယ်။ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်နိုင်နင်းမှုများကြောင့် အများ၏ကြည်ညိုလေးစားမှု ခံရပါလိမ့်မည်။ နက်နဲသောဆင်ခြင်ဉာဏ် ကြောင့် ထူးခြားသောအောင်မြင်မှုများ ရရှိမည်။ ဉာဏ်ကိုလွှာသုံးလျှင် ကြီးပွားချမ်းသာမည်။ ရပ်ဝေးဒေသ၊ နယ်စပ်သွား လာခြင်း၊ ဆက်သွယ်ခြင်းများ အဆင်ပြေမည်။ လောင်းကစားမှုများကို အထူးရှောင်ရမည်။ ကံတရားအလွန်ကောင်းသော ကာလတစ်ခု မဟုတ်သော်လည်းအောင်မြင်မှုရရှိမည့်အသံများကိုသဲ့သဲ့လေးကြားရမည်။ ချစ်သူရဲ့ တန်ဖိုးထားအလေးပေးခြင်း ကိုခံရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့အဆင်မပြေတဲ့ အိမ်ထောင်ရေးတွေပြန်လည်ပြေလည်မှုတွေရလာတတ်ပါတယ်။ ပညာရေးမှာတော့ သင်ယူခြင်းထက် မိမိသိတာကို ပြန်သင်ပေးတာမျိုးကအလွန်သင့်တော်တဲ့ကာလပါပဲ။


အကျိုးပေးဂဏန်း ၃/၈/၇ ၊ အထူးဟော ကံသင့်ပါတယ်။ယတြာ နှင်းဆီ ၇ပွင့်ဘုရားကပ်လှူလိုက်ပါ။


၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 ၊09 44 5555 695