အဓမ္မအကျင့်ခံရကြောင်း ရဲကိုသွားတိုင်တဲ့ ကောင်မလေးနှစ်ဦး၊ ဒဏ်ငွေဆောင်လိုက်ရ

2020-05-15 12:54:23


အဓမ္မအကျင့်ခံရကြောင်း ရဲကိုသွားတိုင်တဲ့ ကောင်မလေးနှစ်ဦး၊ ဒဏ်ငွေဆောင်လိုက်ရ

အဓမ္မအကျင့်ခံရကြောင်း ရဲကိုသွားတိုင်တဲ့ ကောင်မလေးနှစ်ဦး၊ ဒဏ်ငွေဆောင်လိုက်ရ

 

အသက်(၁၇)နှစ်နဲ့ (၁၈)နှစ်အသီးသီးကို ရောက်နေတဲ့ ကောင်မလေးနှစ်ယောက်ဟာ သူတို့ကို လူဦးက အဓမ္မကျင့်ခဲ့ကြောင်း ရဲကို သွားရောက် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က သူမတို့အရေး အမှုဖွင့် အရေးယူမယ့်အစား၊ Lockdown ကို ချိုးဖောက်လို့ဆိုပြီး ဒဏ်ငွေ ချမှတ်ခဲ့တာပါ။


ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကောင်မလေးနှစ်ယောက်ဟာ ညဘက် လမ်းလျှောက်လာစဉ်မှာပဲ လူရမ်းကားတစ်ဦးနဲ့ တွေ့ခဲ့ရပြီး၊ သူမတို့ကို ပါလာသမျှ ဓားပြတိုက်ခဲ့သလို၊ အလှည့်ကျ အဓမ္မကျင့်ခြင်းကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။


ကလေးမလေးနှစ်ယောက် လူရမ်းကားလက်ကနေ လွတ်မြောက်ချိန်မှာ အနီးဆုံးရဲစခန်းကို သွားရောက်ခဲ့တာပါ။ အခင်းဖြစ်ရာ မြို့ကတော့ ဆိုက်ဘေးရီယားက မြို့ကြီးတစ်ခုဖြစ်တဲ့ Krasnoyarsk မှာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ ကောင်မလေးတစ်ယောက်က-


အဓမ္မကျင့်ခံခဲ့ရသလို၊ အခြားတစ်ဦးကတော့ လိင်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား စော်ကားခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူမတို့မှာ ရှိတဲ့ လက်ဝတ်လက်စားနဲ့ ဖုန်းတွေ၊ ငွေတွေကိုလည်း ယူသွားခဲ့ပါတယ်။ နောက်ပိုင်းတော့ အသတ်(၅၅)နှစ်အရွယ် ကျူးလွန်သူကို ဖမ််းဆီးနိုင်ခဲ့ပါတယ်။


အဲဒီလူဆီမှာ လက်ဝတ်လက်စားနဲ့ လုယူခဲ့တဲ့ ဖုန်းတွေ၊ ငွေတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးမလေးနှစ်ယောက်ကိုလည်း ပြစ်မှုကျူးလွန်ခဲ့ရတာက ပြစ်မှုကျူးလွန်ခံရတာ တစ်ပိုင်း၊ လက်တလော ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ချိုးဖောက်တာကလည်း တစ်ပိုင်းဖြစ်တဲ့အတွက် နှစ်ယောက်စလုံး အမှုဖွင့် ခံခဲ့ရပါတယ်။


ဒီကောင်မလေး နှစ်ယောက်ဟာ Lockdown စည်းမျဉ်းကို ချိုးဖောက်တဲ့အတွက် ရုရှားငွေ ရူဘယ် (၃၀၀၀)စီ ချမှတ်ခံရဖို့လည်း ရှိနေပါတယ်။ Krasnoyarsk Ministry of Internal Affairs အဖွဲ့မှ တာဝန်ခံဖြစ်သူ Ekaterina Rositskaya က-


ဘယ်လိုအကြောင်းမျိုးပဲဖြစ်ဖြစ် Lockdown ကာလအတွင်းမှာ ညဘက် မလိုအပ်ဘဲ အပြင်မှာတွေ့ရင် ဘယ်သူပဲဖြစ်ဖြစ် အရေးယူခံရမှာဖြစ်ကြောင်း ဆိုခဲ့သလို၊ ဒီကောင်မလေးနှစ်ယောက်ကို ဒဏ်ငွေချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း မှန်ကန်ကြောင်း ဆိုပါတယ်။ ဒါကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်အပြည့်ရှိတယ်လို့ ဆိုပါတယ်။


လင်းဇော်ကို (D Nae Khit)