မူးယစ်ဂိုဏ်းခေါင်းဆောင် အမျိုးသမီးထံကနေ ရွှေနဲ့လုပ်ထားတဲ့သေနတ်ကို မက္ကဆီကိုရဲသိမ်းဆည်းနိုင်ခဲ့

2020-05-16 14:04:43


မူးယစ်ဂိုဏ်းခေါင်းဆောင် အမျိုးသမီးထံကနေ ရွှေနဲ့လုပ်ထားတဲ့သေနတ်ကို မက္ကဆီကိုရဲသိမ်းဆည်းနိုင်ခဲ့

မူးယစ်ဂိုဏ်းခေါင်းဆောင် အမျိုးသမီးထံကနေ ရွှေနဲ့လုပ်ထားတဲ့သေနတ်ကို မက္ကဆီကိုရဲသိမ်းဆည်းနိုင်ခဲ့


မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် အမျိုူးသမီးထံကနေ ရွှေနဲ့လုပ်ထားတဲ့ အော်တိုမက်တစ်ရိုင်ဖယ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ သေနတ်ရဲ့အစိတ်အပိုင်း တော်တော်များများကို ရွှေသားအစစ်နဲ့ ပြုလုပ်ထားပြီး၊ ဓာတုဗေဒစိန်တွေ စီခြယ်ထားပါတယ်။


အဆိုပါ ဂိုဏ်းခေါင်းဆောင် အမျိုးသမီးဟာ မုတ်ဆိတ်ရာဇဝတ်ဂိုဏ်းမှဖြစ်ပြီး၊ The Women With Moustaches လို့ အမည်ကျော်ကြားသူပါ။ ရဲတပ်ဖွဲ့ဟာ Puebla ပြယ်နယ် Tehuacan မြို့က မူးယစ်ဂိုဏ်းကို လူသတ်မှုတွေ၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေအတွက် ဝင်ရောက်စီးနင်းခဲ့တာပါ။




ဂိုဏ်းခေါင်းဆောင် အမျိုးသမီးရဲ့အမည်ကတော့ Las Bigotonas လို့ သိရပြီး၊ ဒီအော်ပရေးရှင်းမှာ သူမကို အမိဖမ်းနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း Victor Ivan N သို့မဟုတ် El Yori အမည်ရ ဂိုဏ်းရဲ့အရေးပါသူကိုသာ ဖမ်းဆီးနိုင်ခဲ့တာပါ။ Victor Ivan ကလည်း ဓားပြမှု၊ ငွေညှစ်မှု၊ မိုက်ကြေးခွဲမှုတွေမှာ အခရာကျသူပါ။




နောက်ပြီး လူသတ်မှု ဒါဇင်နဲ့ချီကိုလည်း ကြိုးကိုင်ခဲ့သူလို့ ရဲက ယုံကြည်ပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ သေနတ်နဲ့အတူ Meth အခဲ (၃၈)ခုနဲ့ အခြားဂိုဏ်းနဲ့ဆက်စပ်နေသူ (၄)ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ယခုနှစ် အစောပိုင်းက ရဲတပ်ဖွဲ့ဟာ မူးယစ်ဂိုဏ်းခေါင်းဆောင် အမျိုးသမီးတစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။


သူမရဲ့အမည်ကတော့ Maria Guadalupe Lopez Esquivel ဖြစ်ပြီး၊ La Catrina အမည်နဲ့ မူးယစ်ရာဇဝတ်ဂိုဏ်းမှာ နာမည်ကြီးနေသူ အမျိုးသမီးပါ။ သူမမှာလည်း ရွှေနဲ့လုပ်ထားတဲ့ သေနတ်တွေ၊ ရွှေနဲ့လုပ်ထားတဲ့ တန်ဖိုးကြီးဖုန်းတွေ ရှိခဲ့ပါတယ်။




သူမဟာ Jalisco New Generation Cartel ဂိုဏ်းမှာ အလွန်လက်သံပြောင်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပြီး၊ အသက်(၁၇)နှစ်အရွယ်လောက်ကတည်းက ဂိုဏ်းမှာ အာဏာကြီးမားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့တာပါ။ အသေပစ်ခတ် နှိမ်နင်းခံရချိန်မှာ အသက်(၂၁)နှစ်သာ ရှိပါသေးတယ်။


လင်းဇော်ကို (D Nae Khit)