ပါကစ္စတန်ဆေးကုမ္ပဏီ ကိုရိုနာတိုက်ဖျက်ဆေး မကြာမီထုတ်မည်

2020-05-16 14:05:10


ပါကစ္စတန်ဆေးကုမ္ပဏီ ကိုရိုနာတိုက်ဖျက်ဆေး မကြာမီထုတ်မည်

ပါကစ္စတန်ဆေးကုမ္ပဏီ ကိုရိုနာတိုက်ဖျက်ဆေး မကြာမီထုတ်မည်


ပါကစ္စတန်ဆေးကုမ္ပဏီ ဖရိုဆန်ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာမှာ အလားအလာ ရှိတဲ့ စမ်းသပ် remdesivir ဆေးကို မကြာခင် ထုတ်လုပ်မယ်လို့ ကျန်းမာရေးဝန်ကြီးနဲ့ ဆေးကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။


နိုင်ငံပေါင်း ၁၂၇ နိုင်ငံကို တင်ပို့ဖို့ သီတင်းပတ်အနည်းငယ်အတွင်း ရမ်ဒီးဆီဗာဆေး (remdesivir) ကို ထုတ်လုပ်သွားမယ်လို့ ဆေးကုမ္ပဏီ CEO က သတင်းစာရှင်းလင်းပွဲမှာ ကတိပြု ခဲ့ပါတယ်။


မေလ ၂ ရက်မှာ အမေရိကန် FDA အဖွဲ့က ရမ်ဒီးဆီဗာဆေးကို အရေးပေါ်သုံးအဖြစ် ခွင့်ပြုခဲ့တာကြောင့် ဂီးလီးယတ်ဆေးကုမ္ပဏီက ထုတ်တဲ့ အဲဒီဆေးကို အလားအလာရှိတဲ့ ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် အများက အာရုံစိုက်လာပါတယ်။


ကောင်းမွန်တဲ့ အစောပိုင်းစမ်းသပ်ရလဒ်တွေကြောင့် အမေရိကန်နဲ့ ဂျပန်မှာ ရမ်ဒီးဆီဗာဆေးကို အရေးပေါ် အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။


ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်စေဖို့ အိန္ဒိယနဲ့ ပါကစ္စတန်အခြေစိုက် ဆေးကုမ္ပဏီ ၅ ခု နဲ့ လက်မှတ်ထိုးခဲ့တယ်လို့ အမေရိကန် ဂီးလီးယက်ဆေးကုမ္ပဏီက ပြောပါတယ်။


ဒါပေမဲ့ အဲဒီဆေးကုမ္ပဏီတွေအဖို့ အကျိုးအမြတ် မရှိဘူးထင်ရတဲ့ နိုင်ငံတွေမှာ ဆေးမရမှာ ကို ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေက စိုးရိမ်နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။