အမျိုးသမီးတစ်ဦးကို (၂၃)ရက်တာပြန်ပေးဆွဲ လူမဆန်စွာနှိပ်စက်ပြီး မုဒိမ်းကျင့်ခဲ့သူ၊ စံချိန်တင် ထောင်ချခံရဖို့ရှိ

2020-05-16 14:22:19


အမျိုးသမီးတစ်ဦးကို (၂၃)ရက်တာပြန်ပေးဆွဲ လူမဆန်စွာနှိပ်စက်ပြီး မုဒိမ်းကျင့်ခဲ့သူ၊ စံချိန်တင် ထောင်ချခံရဖို့ရှိ

အမျိုးသမီးတစ်ဦးကို (၂၃)ရက်တာပြန်ပေးဆွဲ လူမဆန်စွာနှိပ်စက်ပြီး မုဒိမ်းကျင့်ခဲ့သူ၊ စံချိန်တင် ထောင်ချခံရဖို့ရှိ


အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးငယ်တစ်ဦးကို (၂၃)ရက်အတွင်း ပြန်ပေးဆွဲထားကာ သူမကို မုဒိမ်းကျင့်ခြင်း၊ အမျိုးနှိပ်စက်ခြင်း၊ ဓားနဲ့မွှမ်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ သူဟာ အဲဒီအမျိုးသမီးရဲ့ဒဏ်ရာတွေကို ဆေးကုမပေးဘဲ၊ လောက်တက်အောင်အထိ ထားရှိကာ နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။


အခုတော့ လူယုတ်မာတရားခံဟာ ထောင်ဒဏ်တစ်သက် ချမှတ်ခံရဖို့ရှိနေပါတယ်။ သူ့မည်ကတော့ Nicholas John Crilley လို့ သိရပါတယ်။ သူဟာ အမည်မဖော်လိုသူ အမျိုးသမီးငယ်တစ်ဦးကို မတရားပြန်ပေးဆွဲပြီး၊ လူမဆန်စွာ နှိပ်စက်စော်ကားခဲ့တာပါ။


John ဟာ အဲဒီအမျိုးသမီးကို Brisbane မှာတည်ရှိတဲ့ သူရဲ့နေအိမ်မှာ လျှို့ဝှက်ချုပ်နှောင်ထားပြီး၊ ထမင်းလည်း မကျွေးတဲ့အတွက် အဲဒီအမျိုးသမီးဟာ ကိုယ့်ရဲ့မစင်ကို ပြန်စားပြီး အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေရာဟာ သြစတေးလျနိုင်ငံ၊ ကွင်းစလန်းအရှေ့တောင်ပိုင်းမှာ တည်ရှိပါတယ်။




လူယုတ်မာ John ဟာ ယုတ်ယုတ်မာမာ နှိပ်စက်စော်ကားခဲ့ရတာကိုတောင် အားမရဘဲ မီးနဲ့ရှို့ကာ သေပြီဆိုပြီး စွန့်ပစ်ထားခဲ့တာပါ။ သူမဟာ မီးလောင်ဒဏ်ရာ (၄၆)%အထိ ရရှိခဲ့ပြီး၊ အရိုးတွေလည်း ကျိုုးကြေနေခဲ့ပါတယ်။ သူမရဲ့မျက်နှာပေါ်မှာ ဓားနဲ့မွှမ်းထားတဲ့ ဒဏ်ရာတွေဟာ လောက်တက်နေပါပြီ။


ရဲတပ်ဖွဲ့ဟာ တရားခံကို အမြန်ဖော်ထုတ်နိုင်ခဲ့ပြီး၊ အခုဆိုရင် တရားခံ John ကို စွဲချက်(၅၄)ခုနဲ့ Brisbane District Court တရားရုံးမှာ ရုံးတင်စစ်ဆေးနေပါတယ်။ အမျိုးသမီးငယ်ကတော့ သူမအနေနဲ့ အသက်သေသွားခဲ့ရင် ဒီလူယုတ်မာကို မဖော်ထုတ်နိုင်လောက်ဘူးလို့ တွေးမိပါသတဲ့။


သူမဘဝမှာ ငရဲကျသလို ခံစားခဲ့ရတာမို့ လူယုတ်မာ John ကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီပြစ်မှုဟာ (၂၀၁၇)ခုနှစ် ဇွန်လမှာ ဖြစ်ခဲ့တာဆိုပေမယ့် ရုံးပိုင်းကိစ္စတွေကတော့ အခုထက်ထိ မပြီးပြတ်သေးပါဘူး။ သူ့အမှုကို လာမယ့် သောကြာနေ့ ဧပြီလ (၂၄)ရက်မှာ အပြီးသတ်စီရင်ဖို့ရှိပါတယ်။ တရားခံကတော့ အနည်းဆုံး ထောင်ဒဏ်တစ်သက် ချမှတ်ခံရဖို့ ရှိနေပါတယ်။


လင်းဇော်ကို (D Nae Khit)