မယားပါသမီးကို ခိုယူ ပြန်ပေးဆွဲပြီး အနှစ်(၂၀)ကြာ ကလေး(၉)ယောက် ယူခဲ့တဲ့ ပထွေး

2020-05-17 01:39:46


မယားပါသမီးကို ခိုယူ ပြန်ပေးဆွဲပြီး အနှစ်(၂၀)ကြာ ကလေး(၉)ယောက် ယူခဲ့တဲ့ ပထွေး

မယားပါသမီးကို ခိုယူ ပြန်ပေးဆွဲပြီး အနှစ်(၂၀)ကြာ ကလေး(၉)ယောက် ယူခဲ့တဲ့ ပထွေး


မက္ကဆီကိုနိုင်ငံမှာ ပထွေးတစ်ယောက်ဟာ မယားပါသမီးကို ပြန်ပေးဆွဲပြီး၊ အနှစ်(၂၀)ကြာ လိင်ကျွန်ပြုခဲ့ပါတယ်။ သူဟာ မယားငယ်နဲ့ ကလေး(၉)ယောက်အထိ ယူခဲ့ပါတယ်။ မယားပါသမီးကို ပြန်ပေးဆွဲချိန်မှာ အသက်(၁၂)နှစ်သာရှိသေးပြီး၊ အခုမှ အဆိုပါ အမျိုးသမီးဟာ အသက်(၃၅)နှစ်သာ ရှိပါသေးတယ်။ (၁၉၉၇)ခုနှစ်မှာ ပထွေးဖြစ်တဲ့ Henri Piette ရဲ့ ပြန်ပေးဆွဲမှု ခံခဲ့ရတာပါ။


ထိုစဉ်က Henri Piette ဟာ အသက် (၄၂)နှစ်သာရှိသေးပြီး၊ အခုတော့ အသက်(၆၅)နှစ် ဖြစ်နေပါပြီ။ ပြန်ပေးဆွဲလိင်ကျွန်ပြုခံရတဲ့ အမျိုးသမီးကတော့ Rosalynn McGinnis ဖြစ်ပါတယ်။ ဒီအမှုအတွက် ပထွေးလည်းဖြစ်၊ လင်အဖြစ်လည်း အနှစ်(၂၀)ကြာ ပေါင်းသင်းခဲ့တဲ့ Henri ကတော့ ပြီးခဲ့တဲ့အင်္ဂါနေ့က ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။




အနှစ်(၂၀)အတွင်းမှာ McGinnis ဟာ အမျိုးမျိုးနှိပ်စက်ခံရ၊ အမျိုးအမျိုး အဓမ္မအကျင့်ခံခဲ့ရတဲ့အပြင် Henri ရဲ့ ကလေး(၉)ယောက်ကိုလည်း မွေးဖွားပေးခဲ့ရပါတယ်။ ပထမဆုံး ကလေးမွေးခဲ့ချိန်မှာ သူမအသက် (၁၅)နှစ်သာ ရှိပါသေးတယ်။ ဇာတိကို စွန့်ခွာလာခဲ့ပြီးနောက် Henri တစ်ယောက် အပြစ်တွေက ဖုံးနိုင်ခဲ့ပြီလို့ ထင်နေခဲ့ပါတယ်။


ဒါပေမယ့် (၂၀၁၆)ခုနှစ် ဇူလိုင်မှာ McGinnis တစ်ယောက် မက္ကဆီကိုက Nogales မှာတည်ရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးဆီကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် ကောင်စစ်ဝန်ရဲ့ ကူညီပေးမှုနဲ့ ဒီအမှုကိုဖော်ထုတ်ဖို့ FBI က တိုက်ရိုက်ကိုင်တွယ်ခဲ့ပါတယ်။ FBI ရဲ့ ဖော်ထုတ်ချက်အရ Henri ဟာ နေရာအသစ်မှာ သူတို့ရဲ့ မူလနာမည်တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်။




တစ်နှစ်ကြာ အမျိုးမျိုး နှိပ်စက်ပြီးနောက် McGinnis ဟာ Henri ကို လက်ထပ်လိုက်ရပါတယ်။ မင်္ဂလာပွဲကို Henri ရဲ့ အဦးဆုံးဇနီးနဲ့ရထားတဲ့ သားကြီး Toby Piette က အသိအမှတ်ပြုခဲ့ပြီး၊ အနှစ်(၂၀)ကြာ ငရဲခန်းကနေ လွတ်လမ်းမရှိတော့လောက်အောင် တင်းကြပ်ခံခဲ့ရပါတယ်။ အိမ်ထဲက အိမ်ပြင် ပေးမထွက်ဘဲ၊ အရက်မူးတိုင်း ရိုက်ချင်တိုင်းရိုက်လို့ရတဲ့ အရုပ်အဖြစ် McGinnis တစ်ယောက် အသုံးတော်ခံခဲ့ရပါတယ်။


တစ်နေ့မှာတော့ Henri တစ်ယောက် အရက်မူးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ McGinnis ဟာ ကလေးတွေကိုခေါ်ပြီး ဝေးရာကို ထွက်ပြေးခဲ့ပါတယ်။ သူမနဲ့အတူ ကလေး(၉)ဦးလည်း ပါလာခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီလောကငရဲကို ပြန်မသွားချင်တော့ပါဘူး။ ဒီလိုနဲ့ အာဏာပိုင်တွေရဲ့ အကူအညီပေးမှုကြောင့် အခုဆိုရင် ကာမဘီလူး Henri တစ်ယောက် ထောင်တစ်သက် စံနေရပါပြီ။


ဘာသာပြန်-လင်းဇော်ကို