ခွေးချစ်တတ်တဲ့ ချစ်ဇနီးလေး ရွှေမှုံရတီအတွက် သေသေချာချာပြင်ဆင်ထားတဲ့ မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့တဲ့ ရွှေထူး

2020-05-17 01:44:45

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ မှာ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ထောင်သက် တစ်နှစ်ကျော်ပြီဖြစ်ပေမယ့် ရင်သွေးမရရှိသေးတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက မိသားစုဝင်တွေ ချစ်ရတဲ့ အိမ်မွေးခွေးလေးတွေနဲ့နေထိုင်ရင်း နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မေလ (၁၆) ရက်နေ့ကတော့ ရွှေမှုံရတီရဲ့ မွေးနေ့လေးဖြစ်ပြီး ခင်ပွန်းဖြစ်သူ ရွှေထူးက ရွှေမှုံလေး ကြိုက်တတ်တာတွေနဲ့ မွေးနေ့ပွဲလှလှလေး ဖန်တီးပေးခဲ့ပါတယ်။ ရွှေထူးက ခွေးချစ်တတ်တဲ့ ဇနီးလေးအတွက် ခွေးပုံလေးတွေပါတဲ့ မွေးနေ့ကိတ်လေးနဲ့အတူတူ အခြားသော ပျော်ရွှင်စရာတွေကို ပြုလုပ်ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ သူမရဲ့ (၂၂) နှစ်ပြည့် မွေးနေ့လေးကို လှလှပပလေး ဖြတ်သန်းရလို့ တော်တော်လေး ပျော်ရွှင်နေမှာပဲနော်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင်လေး ရွှေမှုံရတီအတွက် မွေးနေ့ဆုတောင်းလေးတွေ ပြောခဲ့ကြပါဦးနော်။

Source: Htoo Khant & Angel Phoo’s Bakery’s fb

Bilie – Cele Connections