ဆဲဆိုကြိမ်းမောင်းသူတစ်ဦး ဝါးရင်းတုတ်ဖြင့် ရိုက်ခံရ၍ သေဆုံး

2020-05-17 23:56:10


ဆဲဆိုကြိမ်းမောင်းသူတစ်ဦး ဝါးရင်းတုတ်ဖြင့် ရိုက်ခံရ၍ သေဆုံး

ဆဲဆိုကြိမ်းမောင်းသူတစ်ဦး ဝါးရင်းတုတ်ဖြင့် ရိုက်ခံရ၍ သေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ငြိမ်းအေးအုပ်စု လက်ပံတိုကျေးရွာတွင် မေလ ၁၅ ရက်နေ့၌ ဆဲဆိုကြိမ်းမောင်းမှုကြောင့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


“လက်ပံတိုကျေးရွာဘုန်းကြီးကျောင်းအတွင်း ရာအိမ်မှူး ဦးဇော်မျိုးမှ ကျောက်စက်သွေးနေစဉ်တစ်ရွာတည်းနေ မျိုးမင်းထွန်း(ခ)ညိုကြီးရောက်ရှိလာပြီး ၎င်း၏ညီမ တစ်ဝမ်းကွဲ၏ခင်ပွန်းဖြစ်သူ ဇော်ထက်(ခ)ဝကြီးမှ ဆဲဆိုကြိမ်းမောင်းရာ ဆွေမျိုးများပါ ရောနှောဆဲဆိုသဖြင့် အပြန်အလှန်စကားများရန်ဖြစ်ခဲ့သည်။ဇော်ထက်(ခ)ဝကြီး အိမ်ပြန်သွားစဉ်နောက်မှ လိုက်သွားပြီး ရွာလမ်းမပေါ်တွင် ဇော်ထက်(ခ)ဝကြီး၏ ဦးခေါင်း နောက်စေ့ကို အသင့်ပါလာသော အလျားသုံးပေခန့်ရှိ ဝါးရင်းတုတ်ဖြင့် သုံးချက်ဆက်တိုက် ရိုက်နှက်ခဲ့တယ်။ သေသည်ရှင်သည်ကိုတော့ မသိကြောင်း မျိုးမင်းထွန်း(ခ)ညိုကြီးမှ လာရောက် ပြောဆိုကြောင်း ဆိုသည်။


ရာအိမ်မှူးဦးဇော်မျိုးမှ အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှုစဉ် ဇော်ထက်(ခ)ဝကြီးမှာဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိကာ လမ်းမပေါ်တွင် လဲကျသေဆုံးနေတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထူး ထံသတင်းပေးပို့ခဲ့တယ်” ဟု ရာအိမ်မှူး ဦးဇော်မျိုးမှ Top Phoenix မီဒီယာသို့ ပြောသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ ယောက္ခမ တော်စပ်သူဦးစိုးညွန့်မှ တိုင်တန်းခဲ့ရာ ဇလွန်မြို့မရဲစခန်းမှ (ပ)၈၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီး၍ ပြစ်မှုကျူးလွန်သူ မျိုးမင်းထွန်း(ခ)ညိုကြီး အားစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း ဇလွန်မြို့မ ရဲစခန်းမှသိရသည်။


ဧရာဝတီတာတေ

Top Phoenix Media Group