သမီးရည်းစားစုံတွဲ ဓားခုတ်လုယက်ခံရပြီး ကောင်လေးဖြစ်သူ သေဆုံး

2020-05-17 23:57:10


သမီးရည်းစားစုံတွဲ ဓားခုတ်လုယက်ခံရပြီး ကောင်လေးဖြစ်သူ သေဆုံး

သမီးရည်းစားစုံတွဲ ဓားခုတ်လုယက်ခံရပြီး ကောင်လေးဖြစ်သူ သေဆုံး


လားရှိုးတွင် ဟူးမွန်ဆည်းသို့ သွားရောက်လည်ပတ်သည့် စုံတွဲ ဓားခုတ်လုယက်ခံရပြီး ကောင်လေးဖြစ်သူ သေဆုံး


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့၊ ဟူးမွန်ဆည်သို့ သွားရောက်လည်ပတ်သည့် စုံတွဲ ဓားခုတ်လုယက်ခံရပြီး ကောင်လေးဖြစ်သူ သေဆုံးမှု ယနေ့ မေလ ၁၇ရက်နေ့ ၃နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်။လားရှိုးမြို့နယ်၊ ဂျန်မိုင်ကျေးရွာအနီး ဟူးမွန်ဆည်နှင့် ကောက်ကွေ့ဆည်ကြား ရေချေားနားတွင် စကား ထိုင်ပြောနေတဲ့ အသက် ၁၈နှစ်နှင့် အသက် ၁၅နှစ် စုံတွဲထံအသက် ၃၀နှစ်ခန့် ဝက်ဝဲဖျံတတ်တူးပုံရှိ ဆေးမှင်ဖြင့် ခန္ဓာကိုယ်ပိန်သွယ် အမျိုးသား တစ်ဦး ရောက်ရှိလာပြီး ခြိမ်းခြောက်တယ်။


ဖုန်းလာရင်တောင် ဖုန်းမကိုင်ရဘူး။ စကားပြောရင်း ဓါးဖြင့်ခုတ်သတ်တယ်။ ဆိုင်ကယ်နှင့် ဖုန်းများကို လုယူ သွားကြောင့် စုံတွဲမှ အမျိုးသမီးငယ်က ဆိုသည်။စုံတွဲ ကောင်းလေးက ဦးခေါင်းဓါးခုတ်ခံရခြင်းကြောင့် သတိလစ်နေပြီး လားရှိုးပြည်သူ့ဆေးရုံတွင် တင်ပို့ ကုသခံယူရန် သွားရောက်စဉ် သေဆုံးသွားကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးမြို့မရဲစခန်းသို့ Top Phoenix မီဒီယာမှ ဖုန်းဆက်သွယ် မေးမြန်း သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။ပြစ်မှုကျူးလွန်သူအား လားရှိုးမြို့မရဲစခန်းမှ စုံစမ်းနေပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


သာခိုင်(မုနိမြီ)

Top Phoenix Media Group