လေးစားတယ် မန္တလေးရေ … ဝေစားမျှစား နှလုံးသားလှသူများ

2020-05-18 10:39:53


လေးစားတယ် မန္တလေးရေ … ဝေစားမျှစား နှလုံးသားလှသူများ

လေးစားတယ် မန္တလေးရေ … ဝေစားမျှစား နှလုံးသားလှသူများ


ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး) မှ လူတသိန်းကျော် အတွက် စားနပ်ရိက္ခာလှူ


မန္တလေးမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (မန္တလေး) နှင့် ကျောက်စိမ်း ညီအစ်ကိုမောင်နှမများအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် Covid -19 ကာကွယ်ထိန်းချုပ်ကာလအတွင်း အလုပ်များ ရပ်နားထားရသည်။


ထိုကာလ အတွင်း ကျာက်စိမ်းဖြင့်အသက်မွေးသော ၊ ကျောက်စိမ်းကျောက်မျက် မှီခိုလုပ်ငန်း လုပ်ကိုင်သူ အိမ်ထောင်စု သောင်း နှစ်ထောင် မှ လူဦးရေ ၁ သိန်းကျော်အတွက် ဆန်၊


ဆီ ၊ဆား ၊ ငရုပ် ၊ ကြက်သွန် ထောက်ပံ့ရိက္ခာများ ပေးအပ်ခြင်းကို မေလ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါ ကူညီထောက်ပံ့ခြင်းကို မေလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ မြို့နယ်အလိုက် ရက်များခွဲခြား သတ်မှတ်ထားကာ နေ့စဉ် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းသိရသည်။


သတင်းနှင့် ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ