အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့၏ ရေမိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

2020-05-18 14:04:50


အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့၏ ရေမိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့၏ ရေမိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ


အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၁၀ မိုင်လောက်နဲ့ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။


တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။


မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ကာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးမယ်လို့ ဆိုပါတယ်။ လှိုင်းအမြင့်က ၈ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါတယ်။


မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ပါတယ်။ လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ပါတယ်။


အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုကြဖို့လည်း မိုးဇလက် တိုက်တွန်းထားပါတယ်။