ဒေး ဗစ်လားကိုမြန်မာနိုင်ငံ အစိုးရသာမကပဲ ခရစ်ယာန် ဂိုဏ်းတော်ကြီးများက အစွန်းရောက်ဘာသာရေးဟောပြောမှုနဲ့ တရားစွဲလိုက်ပါပြီ

2020-05-18 15:30:39


ဒေး ဗစ်လားကိုမြန်မာနိုင်ငံ အစိုးရသာမကပဲ ခရစ်ယာန် ဂိုဏ်းတော်ကြီးများက အစွန်းရောက်ဘာသာရေးဟောပြောမှုနဲ့ တရားစွဲလိုက်ပါပြီ

ဒေး ဗစ်လားကိုမြန်မာနိုင်ငံ အစိုးရသာမကပဲ ခရစ်ယာန် ဂိုဏ်းတော်ကြီးများက အစွန်းရောက်ဘာသာရေးဟောပြောမှုနဲ့ တရားစွဲလိုက်ပါပြီ


17-5-2020 အဲ့လို ဆရာ ၊ ဆရာမ အမည်ခံ လူလိမ်တွေ အများကြီးပါ … အမြန်ဆုံး တစ်ယောက်ပြီးတစ်ယောက် ဖော်ထုတ်ကြပါ။100% ဝူဝူသည် လူယုတ်မာတွေကို ဖော်ပြပေးခဲ့နိုင်အိ ။ ကျေးဇူးပါ ဝူဝူ


အားလုံးသိအောင် မျှဝေပေးပါအုံးဗျာ

”ကျွန်တော် လုံးဝအာမခံရဲတယ်။ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံးဝ ဝင်မလာရစေဘူး” ဟုလည်းကောင်”ဆရာဝန်တွေ ဆေးတွေက Resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး၊ လှည့်စားခံထားရလို့ မယုံတာပေါ့”ဟု ပြောကြားခဲ့သည်။


ဒါဆိုရင် ကျွန်တော်တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လား ခင်ဗျား။ ဒေးဗစ်လားလောက် ဘုရားနှုတ်ကပတ်တော်ဆိုတာကြီးကို ယုံသူလည်း မရှိတော့ပါ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်း လက်ကကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော်နီးစပ်သူဟုလည်း


သဘောကျမိပါသည်။ထို့ကြောင့် ဒေးဗစ်လား၏ နောက်လိုက်အဖြစ် ကျွန်တော်လည်း ပါဝင်ချင်ပါသည်။ ကျွန်အဖြစ်လည်းကောင်း၊ တပည့်အဖြစ်လည်းကောင်း ဒေးဗစ်လားနောက်က အလုပ်အကျွေးအဖြစ်လိုက်လိုပါသည်။ ဆရာဒေးဗစ်လား ဘာသာထဲသို့လည်း ဝင်ပါမည်။ မဝင်ခင် ခရစ်ယာန်အများနှင့်မဆိုင်ဘဲ ဒေးဗစ်လားတဦးတည်းနှင့်ဆိုင်သော မေးခွန်းလေးတခုမေးလိုပါ သည်။ တခုတည်းဖြစ်ပါသည်။ ထာဝရဘုရားကိုယုံလျှင် ရောဂါမကူးသယောင်



ယေရှုကိုယုံလျှင် ရောဂါမကူးသယောင် ဟောပြောနေတာကို သဘောကျ၍ ဖြစ်ပါသည်။ဒေးဗစ်လားသည် ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ်ရဘူးဘုရားကအချိန်တန်ရင် တာဝန်ယူသွား လိမ့်မယ်ဟူသောစကားကို ပြောခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်အလွန်အထင်ကြီးပါသည်။ ခေါင်းဆောင်မတင်မီ တခုစမ်းသပ်လိုပါသည်။


အခြားမဟုတ်ပါ။ HIV ပိုးရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏သွေးကြောထဲသို့ ဆေးထိုးအပ်ဖြင့်ထည့်ကြည့်လိုပါသည်။ သုံးလကြလျှင် ဆရာဒေးဗစ်လား၏သွေးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲအဖြေရှာကြည့်ပါမည်။ ဆရာဒေးဗစ်လားဟောပြောချက်များအတိုင်းဆိုလျှင် ဒေးဗစ်လားသည် ဘုရားကိုအလွန်ယုံကြည်သက် ဝင်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဓာကိုယ်ထဲ တွင်မရှိတော့ဘဲ ပျောက်ကွယ်သွားမည်။ HIV positive မဖြစ်ဘဲ Negative ဖြစ်မည် ဖြစ်သည်။


ထိုသို့အဆန်းတကြယ်ဖြစ်ခဲ့လျှင်ာဆရာဒေးဗစ်လား ပြောသည့်စကားများ၊ ဟောပြောချက်များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သောကျွန်တော်တို့ မိုက်မှားမိကြောင်း ဝန်ချတောင်းပန်ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည်။ Negative မဟုတ်ဘဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အား ဘာမှပြန်ပေးစရာမလိုပါ။