“ပြည်သူတွေကို စေတနာနဲ့ ဆေးကုပေးတဲ့အပြင် ပြည်သူ့အကျိုးအတွက် ထပ်မံကြိုးစားပြလိုက်တဲ့ ဆရာဝန်ကြီး”

2020-05-18 15:32:58


“ပြည်သူတွေကို စေတနာနဲ့ ဆေးကုပေးတဲ့အပြင် ပြည်သူ့အကျိုးအတွက် ထပ်မံကြိုးစားပြလိုက်တဲ့ ဆရာဝန်ကြီး”

“ပြည်သူတွေကို စေတနာနဲ့ ဆေးကုပေးတဲ့အပြင် ပြည်သူ့အကျိုးအတွက် ထပ်မံကြိုးစားပြလိုက်တဲ့ ဆရာဝန်ကြီး”


ပုသိမ်ဆေးရုံရဲ့ ဓါတ်လှေကား။ပုသိမ်သူ ပုသိမ်သားများအနေနဲ့ ပုသိမ်ဆေးရုံမှာ ဓါတ်လှေကား ရှိမှန်း သိကြသလားတော့ မသိပါ။


မစီးဖြစ်တာ ကြာတော့လည်း ရှိမှန်းမသိ ဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ဓါတ်လှေကား ပျက်နေတာ ငါးနှစ်လောက်ရှိပါပြီ။(ဓါတ်လှေကားက ပင်မဆောင်မှာ မဟုတ်၊ အရေးပေါ်ဆောင်နဲ့ ကင်ဆာဆောင်မှာပါ။)


ဒီနေ့တော့ လက်ထောက်ဆေးရုံအုပ် ဒေါက်တာ မင်းထက်ခိုင်ရဲ့ အပင်ပန်းခံ ဆက်သွယ်မှုကြောင့် ဓါတ်လှေကားပြင်တဲ့ အင်ဂျင်နီယာ ကိုဇော်ဖြိုး (Noble Hub)ကို ရန်ကုန်ကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။


ကိုဇော်ဖြိုးတို့အဖွဲ့ တစ်နေကုန် တကုပ်ကုပ်နဲ့ ပြင်ဆင်လိုက်ကြတာ ညနေငါးနာရီမှာတော့ ဓါတ်လှေကား တစ်စီး ကောင်းကောင်း အလုပ်ပြန်လုပ်သွားခဲ့ပါပြီ။


နောက်တစ်ခေါက် ပြန်လာပြီး Back up Battery (၅)လုံးကို အသစ်လဲလှယ်ပေးပါဦးမယ်။ အဲဒီ ဘက်ထရီ ငါးလုံးစလုံး ကုန်ကျစရိတ်ကို ပုသိမ်သား ကိုထွန်းထွန်းနိုင်က လှူဒါန်းသွားပါတယ်။


ကင်ဆာလူနာတွေ အပေါ်ထပ်ဆောင်ကို chemo သွင်းဖို့ တက်ရတဲ့ အခါတိုင်း တွန်းလှည်းနဲ့တက်၊ trolley နဲ့ တက် ခက်ခက်ခဲခဲ တက်နေရတာကို ကျွန်တော် စရောက်ကတည်းက မြင်နေရတာ ဆေးရုံအုပ်ကြီး တစ်ယောက်အနေနဲ့ ဘယ်လိုမှ စိတ်မချမ်းသာပါ။ ခုတော့ သူတို့တွေ လိုရာခရီးကို အဆင်ပြေပြေ တက်လို့ရသွားပါပြီ။


ဒါ့ထက် စိတ်ချမ်းသာရတာက သိန်း ၃၅၀-၄၀၀ လောက် တန်တဲ့ ဓါတ်လှေကားကို မပျက်မစီးအောင် ထိန်းသိမ်းပေးလိုက်ရတဲ့အတွက် ဝမ်းသာမဆုံးပါ။


လူနာတွေ အဆင်ပြေပြေ တက်နိုင်ကြပါစေ။သူတို့တွေ အဆင်ပြေရင် ပင်ပန်းပေမယ့် ပင်ပန်းတယ်မထင်၊ ပျော်ရွှင်နေရပါတယ်။ဘဝဆိုတာ ဥစ္စာဓနတွေ ကျိကျိတက် ချမ်းသာတာမှ စိတ်ချမ်းသာတာမဟုတ်၊ စိတ်ထားတတ်ရင်လည်း စိတ်ချမ်းသာတာပဲ မဟုတ်ပါလား။


Dr. Than Min Htut(ပင်းတယ မီးအိမ်ရွင်)