တစ်လကို မြန်မာငွေ သိန်း တစ်ထောင်နီးပါးဝင်ငွေရနေတဲ့ ဒူဘိုင်းက တောင်းစားတဲ့သူများ

2020-05-18 15:34:23


တစ်လကို မြန်မာငွေ သိန်း တစ်ထောင်နီးပါးဝင်ငွေရနေတဲ့ ဒူဘိုင်းက တောင်းစားတဲ့သူများ

တစ်လကို မြန်မာငွေ သိန်း တစ်ထောင်နီးပါးဝင်ငွေရနေတဲ့ ဒူဘိုင်းက တောင်းစားတဲ့သူများ


အာရပ်နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဒူဘိုင်းနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါလိမ့်မယ်။ ဘယ်လောက်တောင်ချမ်းသာလဲ ဆိုရင် သူတို့နိုင်ငံမှာတောင်းစားတဲ့ သူတောင်းစားတွေရဲ့ တစ်လဝင်ငွေဟာ နိုင်ငံအများစုမှာ ပညာရှင်အဖြစ်လုပ်ကိုင်နေသူတွေရဲ့ တစ်နှစ်ဝင်ငွေထက်တောင် များတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား..?


တောင်းစားတဲ့သူတွေဟာ ဒူဘိုင်းကို တရားဝင်ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာကြပြီး အချိန်သုံးလအတွင်းမှာပဲ အကျိုးအမြတ်အများကြီးရှိနေကြပါတယ်။ တောင်စားတဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ဖြစ်နေတဲ့ သူတောင်းစားတစ်ယောက်ရဲ့ တစ်လဝင်ငွေဟာ ဒူဘိုင်းငွေကြေး ၂၇၀,၀၀ (အမေရိကန်ဒေါ်လာ ၇၃,၅၀၀) မြန်မာကျပ်ငွေ သိန်းတစ်ထောင်နီးပါး ဝင်ငွေရှိနေပါတယ်။ မြန်မာပြည်မှာ တစ်နှစ် သိန်းတစ်ထောင် ဝင်တဲ့ဝန်ထမ်း ရှိရင်တောင် အရမ်းရှားမယ်ထင်ပါတယ်။


တောင်းစားသူတွေဟာ လူတွေရဲ့ သနားကြင်နာ၊ ဂရုဏာသက်မှုတွေအပေါ် အခွင့်ကောင်းယူပြီး ဒူဘိုင်းနိုင်ငံသားတွေအပေါ် လုပ်စားနေတယ်လို့ အွန်လိုင်းမှာ ဖော်ပြမှုတွေရှိခဲ့ပြီး ရဲတွေအနေနဲ့ ဒါတွေကိုရှင်းလင်းဖို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။


အခုဆိုရင် အာရပ်နဲ့ အာရှဂိုဏ်းအဖွဲ့တွေက နိုင်ငံထဲကို လူတွေခေါ်သွင်းလာပြီး တောင်းစားခိုင်းကာ ပြန်လည်ခေါင်းပုံဖြတ်မှုတွေရှိနေကြောင်း သတင်းရင်းမြစ်အချို့က ရေးသားကြပါတယ်။


ဒူဘိုင်းမှာ တရားဝင်တောင်းစားခွင့်မရှိပါဘူး၊ ဒါပေမယ့် လိုက်လံတောင်းစားနေသူတွေက သာမန်မြင်တွေ့နေကျ သူတောင်းစားတွေမျိုးမဟုတ်ပဲ ပရော်ဖက်ရှင်နယ်လို့ ခေါ်ရမယ့်သူမျိုးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ခါတောင်းရင် တစ်ဆယ် တစ်ရာမျိုးတောင်းတာမဟုတ်ပဲ အနည်းဆုံး ဒူဘိုင်းငွေ တစ်ထောင် (ဒေါ်လာ ၂၇၀) လောက်က စတောင်းပါတယ်၊ သနားပြီး အမှန်တစ်ကယ်ပေးသွားတာတွေ ရှိနေတဲ့အတွက် သူတို့တွေရဲ့ ဝင်ငွေဟာ အလုံးရင်းနဲ့ ဖြစ်နေတာဖြစ်ပါတယ်။


ရဲတွေအနနဲ့ သူတောင်းစားနှိမ်နင်းရေးကို လှုပ်ရှားမှုတစ်ခုအသွင် ခပ်စိပ်စိပ်လုပ်ဆောင်လာပြီး ပြီးခဲ့နှစ်က ပထမဆုံးတစ်ရက်ထဲမှာတင် ၆၅ ယောက်ဖမ်းဆီးနိုင်ခဲ့ပြီး အများစုမှာ ခရီးသွားဗီဇာ သုံးလဖြင့် တရားဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း သိရှိရသည်။


Credit