မွေးမွေးချင်း မိခင်အရင်းက စွန့်ပစ်သွားပေမယ့် ကံကောင်းစွာကယ်သူပေါ်လာခဲ့တဲ့ သမီးလေး

2020-05-18 22:56:29


မွေးမွေးချင်း မိခင်အရင်းက စွန့်ပစ်သွားပေမယ့် ကံကောင်းစွာကယ်သူပေါ်လာခဲ့တဲ့ သမီးလေး

မွေးမွေးချင်း မိခင်အရင်းက စွန့်ပစ်သွားပေမယ့် ကံကောင်းစွာကယ်သူပေါ်လာခဲ့တဲ့ သမီးလေး


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မွေးကင်းစကလေးငယ်လေးတစ်ဦးကို မိခင်အရင်းက မွေးမွေးချင်း စွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှာ အမျိုးသမီးငယ်တစ်ယောက်ဟာ မွေးကင်းစ ကလေးငယ်ကို ရေကန်မှာ စွန့်ပစ်ခဲ့ပါသေးတယ်။


အဲဒီကလေးငယ်ကတော့ ကံဆိုးစွာပဲ ရေကန်အတွင်းမှာ ငါးလာစားတဲ့ ဖွတ်ကြီးတွေရဲ့ သတ်ဖြတ်စားသောက်မှုကို ခံခဲ့ရပြီး၊ ကလေးတွေ ရေကန်ထဲကို ဆော့ကစားဖို့ ရောက်လာမှ ကလေးရဲ့အလောင်းကို တွေ့ရှိခဲ့တြာဖြစ်ပါတယ်။ အဲဒီ မိခင်ကတော့ အဖမ်းခံထားရပါတယ်။


အခုလည်း ချင်းမိုင်က လမ်းဘေးတစ်ခုမှာ သမီးငယ်လေး စွန့်ပစ်ခံခဲ့ရတာပါ။ ကလေးမလေးကို တွေ့ရှိခဲ့သူကတော့ Eric Ransdell ဖြစ်ပြီး သူလမ်းလျှောက်လာစဉ်မှာ သမီးလေးရဲ့ စူးစူးဝါးဝါး ငိုသံကို ကြားခဲ့ရတာပါ။ အဲဒီကလေးငယ်ဟာ မိခင်ဝမ်းတွင်းက ကျွတ်တာ (၂)နာရီပဲ ရှိပါသေးတယ်။


Eric Ransdell ဟာ အမေရိကန် နည်းပညာဆိုင်ရာ ကျွမ်းကျင်တစ်ဦးဖြစ်ပြီး၊ ကလေးငယ်လေးမှာ ချက်ကြိုးတောင် တန်းလန်းရှိသေးတယ်လို့ ဆိုပါတယ်။ ကလေးကို စောင်အမည်း၊ သွေးစွန်းနေတဲ့ ဝါးဂွမ်းဖြတ်စတွေနဲ့အတူ တွေ့ရှိခဲ့တာပါ။


Eric ရဲ့ အကူအညီနဲ့ပဲ ဆေးရုံကားခေါ်ပြီး၊ ကလေးကို အရေးပေါ်စောင့်ရှောက်ရေးခန်းမှာ စောင့်ကြည့် ကုသပေးနေပါတယ်။ ကလေးကတော့ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး၊ ရဲက မိခင်ဖြစ်သူကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။


Eric ရဲ့အဆိုရ သမီးလေးကို မေလ(၁၄)ရက် ကြာသပတေးနေ့က တွေ့ခဲ့တာပါ။ ကလေးမလေးနဲ့ပတ်သက်ပြီး သိပ်ကို ကံကောင်းတဲ့ သမီးလေး-လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူက ထိုင်းစကား မကျွမ်းတဲ့အတွက် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး လူနာတင်ကား ခေါ်ခဲ့ရတာပါတဲ့။


သမီးလေးကို Nakornping Hospital ဆေးရုံဆီ ပို့ထားပြီး၊ Eric ကပဲ ကလေးအတွက် လိုအပ်တဲ့ တောက်တိုမယ်ရလေးတွေ ဝယ်ပို့ကာ၊ တစ်ဦးတည်းသော လူနာကြည့်သူ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။