မကွေးတိုင်းတွင် HEAT STROKE လူနာ ၄ ဦး ဆေးရုံတက်ရောက်၊ ၁ ဦး သေဆုံး

2020-05-19 15:39:17


မကွေးတိုင်းတွင် HEAT STROKE လူနာ ၄ ဦး ဆေးရုံတက်ရောက်၊ ၁ ဦး သေဆုံး

မကွေးတိုင်းတွင် HEAT STROKE လူနာ ၄ ဦး ဆေးရုံတက်ရောက်၊ ၁ ဦး သေဆုံး


မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နဲ့ သရက်မြို့နယ်က ဆေးရုံတွေမှာ မေလ ၁၈ ရက်နေ့ထိ Heat Stroke လူနာ ၄ ဦးတက်ရောက်ပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီဌာနကနေ သိရပါတယ်။


မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ” သေဆုံးခဲ့တဲ့ လူနာဟာ နဂိုရောဂါအခံရှိပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက အပူချိန်မြင့်မားမှုနဲ့ဆက်စပ်တယ်လို့ ယူဆထားပါတယ်။ အပူချိန်မြင့်မားမှုနဲ့ ပတ်သက်လို့ အသက်ကြီးတဲ့သူတွေ၊ အသက်ငယ်ရွယ်တဲ့ကလေးတွေ ဂရုစိုက်ဖို့လိုအပ်ပါတယ်။


ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးတဲ့သူတွေအတွက် အန္တရာယ်များပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိတဲ့သူတွေ သတိထားဖို့ လိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။


မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ အပူချိန်အမြင့်မားဆုံးဒေသဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေက သက်ကြီးရွယ်အိုတွေ နားခိုနိုင်အောင် အပူရှောင်စခန်းတွေဖွင့်လှစ်ပေးခဲ့ပေမဲ့ အခုနှစ်မှာတော့ COVID-19 ရောဂါအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိပါဘူး။


သတင်း-မင်းထီး