“ချစ်သူကြောင့် နေ့ရက်တိုင်းမှာ အေးချမ်းရပြီး အားကိုးရလို့ အချစ်တွေ ပိုတိုးလို့လာတယ်လို့ ဆိုလာတဲ့ ခိုင်နှင်းဝေ”

2020-05-30 01:41:57


“ချစ်သူကြောင့် နေ့ရက်တိုင်းမှာ အေးချမ်းရပြီး အားကိုးရလို့ အချစ်တွေ ပိုတိုးလို့လာတယ်လို့ ဆိုလာတဲ့ ခိုင်နှင်းဝေ”

“ချစ်သူကြောင့် နေ့ရက်တိုင်းမှာ အေးချမ်းရပြီး အားကိုးရလို့ အချစ်တွေ ပိုတိုးလို့လာတယ်လို့ ဆိုလာတဲ့ ခိုင်နှင်းဝေ”


ပရဟိတအလုပ်တွေကို အတူတူ လုပ်ဆောင်ကြတဲ့ ပရဟိတစုံတွဲလေးလို့ ဆိုရမယ့် ခိုင်နှင်းဝေတို့ အတွဲလေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။မင်းသမီး ခိုင်နှင်းဝေကတော့ သူမရဲ့ အနုပညာအလုပ်တွေနဲ့အတူ ကလေးအယောက်(၃၀)ရဲ့ မိခင်တစ်ယောက်အနေနဲ့ ရပ်တည်နေသူပဲဖြစ်ပါတယ်.။ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ချစ်တဲ့သားသမီးလေးတွေအတွက်ကိုလည်း အကောင်းဆုံးတွေ ဖြည့်ဆည်းပေးစွမ်းနိုင်အောင် ကြိုးပမ်းနေသူပါ.။


ချစ်သူနဲ့ အကြောင်းကိုလည်း ပရိသတ်တွေဆီ တရားဝင်ချပြကာ အတူတကွနဲ့ သူမလုပ်ချင်တဲ့ ပရဟိတအလုပ်တွေကို ချစ်သူနဲ့အတူ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်.။ချစ်သူနဲ့အတူတူ ပရဟိတအလုပ်လေးတွေကို လုပ်ကိုင်ရတာကြောင့် သူမအတွက် အားဖြစ်ရပြီး နေ့ရက်တိုင်းက ပျော်ရွှင်နေရတာကြောင့် သူမချစ်သူကို ပိုလို့ တိုးချစ်မိတဲ့အကြောင်းလေးတွေကို မရှက်တမ်း ဝန်ခံတဲ့စာလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။မေလ (၂၈)ရက်နေ့မှာတော့ ခိုင်နှင်းဝေက သူမတို့ ချစ်သူနှစ်ဦးရဲ့ (၇)လ ပြည့်Anniversary နေ့လေးဖြစ်ပြီး ချစ်ရတဲ့ ချစ်သူကြောင့် သူမအချစ်တွေပိုကာ အေးချမ်းမှုတွေကို ခံစားရတဲ့ အကြောင်းလေးကို “အေးချမ်းတယ်။ အားကိုးရတဲ့ မောင်ရယ် မေချစ်တယ်..။” ဆိုပြီး သူမရဲ့ မိုင်ဒေမှာ တင်လာခဲ့ပါတယ်.။


သမီးဖြစ်သူ ရွှန်းရွှန်းနဲ့လည်း အဆင်ပြေပြီး မိသားစုဝင်တွေနဲ့လည်း အဆင်ပြေသလို သူမကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချစ်ပေးကာ လုပ်ချင်တဲ့ အရာတိုင်းကို အနောက်ကနေ ထောက်ပံ့ပေးကာ လုပ်ပေးတဲ့ ချစ်သူကြောင့် ခိုင်နှင်းဝေတစ်ယောက် နေ့ရက်တိုင်းကို ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနေရတယ်ဆိုတာ ပြောစရာမလိုအောင် သေချာတဲ့ကိစ္စလေးပါပဲနော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ စုံတွဲလေး ရဲ့ Anniversary နေ့လေးအတွက် ဆုမွန်ကောင်းတောင်းပေ းသွားပါဦးနော်.။

Source: Khine Hnin Wai’s Facebook


Sakura(Cele Connections)