လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက် သေဆုံးမှု နဲ့ ပတ် သတ်ပြီး အမေရိ ကန် သမ္မတ ဒေါ်နယ်ထရန့်နှ င့် Facebook ပိုင် ရှင် မက်ဇူကာဘတ် တို့ ငြိပြီ

2020-05-30 23:19:10


လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက် သေဆုံးမှု နဲ့ ပတ် သတ်ပြီး အမေရိ ကန် သမ္မတ ဒေါ်နယ်ထရန့်နှ င့် Facebook ပိုင် ရှင် မက်ဇူကာဘတ် တို့ ငြိပြီ

သ မ္မတ ဒေါ်နယ်လ် ထရန့် နဲ့ ဇူကာဘက် ငြိ ကုန်ပြီ


အေ မ ရိ ကန် လူ မည်း ဂျော့ချ် ဖလွိုက်ကို ရဲ က ဖမ်းဆီး စဉ် သေဆုံးမှု နဲ့ ပတ်သက် လို့ ပြောကြ ဆိုကြရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ ဖေ့ဘွတ်ခ် CEO မက်ဇူကာဘက် တို့ ငြိကုန် ပါပြီ….။ ဂျော့ဖလွိုက် သေဆုံးမှု အပေါ် လူတွေ က မကျေနပ် လို့ လမ်းပေါ်ထွက် ဆန္ဒပြကြတာ ကို ဒေါ်နယ်ထရန့် က ” အကြမ်းဖက် လုယက်မှု တွေ ဖြစ်လာရင်တော့ ( သေနတ် နဲ့ ) ပစ်ခတ်ရမှာပဲ ” လို့ ဖေ့ဘွတ် မှာရော တွစ်တာ မှာ ပါ ရေး လိုက် တယ်…။


အဲဒီပို့စ် ကို ဇူကာဘက်က တော်တော်လေး မကျေ မနပ် ဖြစ်နေ တယ်။ ဒါပေမယ့် အမေရိကန် သမ္မတ က ရေးတာ ဆိုတော့ ပို့စ်ကို ဖြုတ်မချရဲဘူး ။ ဒီပိုစ်ဟာ လူတွေကို မကျေမနပ် ဖြစ်စေပြီး ဆူပူ အုံကြွမှု ကို ပိုဖြစ်စေလို့ အိမ်ဖြူတော်က တာဝန် ရှိသူတွေ နဲ့ ဆက်သွယ်ပြီး ဒီပို့စ် ကိစ္စကို ဖြေရှင်းပေး ဖို့ ပြောထားတယ်လို့ ဇူကာဘက် က ပို့စ် ရေးတင် လိုက်တယ်။ တကယ်လည်း ဟုတ် ပါ တယ် ။ ထရန့် ရဲ့ အဲ့ဒီပို့စ် အပြီး လူတွေပိုပြီး အုံကြွလာ လို့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ တယ် ။ ရဲ ၇ ယောက်လောက်ဒဏ်ရာ ရသွားပြီး မင်နီဆိုး တားက ရဲ စခန်းလည်း မီးရှို့ ခံလိုက် ရတယ် ။ ထရန့်က မလျော့ဘူး ။


ဇူကာဘက် ကို ပို့စ်တင်ပြီး ပြန်ဖြဲ တယ် ။ ” လူတွေ အွန်လိုင်း မှာ ပြောနေ၊ ဆိုနေတာတွေ နဲ့ ပတ်သတ်လို့ ခင်ဗျား ( ဖေ့ဘွတ် ) က ဟိုဟာ မှားတယ် ၊ ဒီဟာ မှန်တယ် ဆိုပြီး ခုံသမာဓိ ကြီးလို ဝင်လုပ်မနေ ပါနဲ့တဲ့….” ဆိုရှယ် မီဒီယာ Crisis တွေ လာနေ ပါပြီ ။ ဒီပလက်ဖောင်းတွေ နဲ့ မကင်းကြသူများ သတိပြု နိုင် ဖို့ ပါ…။


လေးစားစွာဖြင့် ခရစ်ဒက်…. Ye Naing Win