နေပြည်တော်-ရန်ကုန်လမ်းမိုင်တိုင်အမှတ် ၃၂/၅-၃၂/၆ ကြား HILUX SURF တစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်

2020-05-31 16:05:20

မေလ (၃၁)ရက်နေ့ နေ့လည်(၁၂:၃၀ ) အချိန် နေပြည်တော်-ရန်ကုန်လမ်းမိုင်တိုင်အမှတ် ၃၂/၅-၃၂/၆ ကြားတွင် ယာဉ်မောင်းဦးစိုးလွင်အသက်(၅၄)နှစ် တောင်ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်လာသည့်ယာဉ်အမှတ် MDY 4D/—-Hilux Surf ခဲရောင်ယာဉ်သည်လမ်းအကွေ့တွင်အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းကိုကျော်တက်ပြီး ရန်ကုန်-နေပြည်တော် ယာဉ်ကြောသို့ရောက်ရှိလဲကျတိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်လိုက်ပါလာသည့်ယာဉ်မောင်းပါကျား(၃) ဦးအနက် ကျား(၂) ဦးထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူ ပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။