LIVE ထုတ်လွှင့်နေစဉ်မှာပဲ ဓားပြအတိုက်ခံလိုက်ရတဲ့ CNN သတင်းတင်ဆက်သူရဲ့အဖြစ်

2020-07-02 19:56:11


LIVE ထုတ်လွှင့်နေစဉ်မှာပဲ ဓားပြအတိုက်ခံလိုက်ရတဲ့ CNN သတင်းတင်ဆက်သူရဲ့အဖြစ်

LIVE ထုတ်လွှင့်နေစဉ်မှာပဲ ဓားပြအတိုက်ခံလိုက်ရတဲ့ CNN သတင်းတင်ဆက်သူရဲ့အဖြစ်


ဘရားဇီးနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ CNN သတင်းဌာနမှ သတင်းထောက်တစ်ဦးဟာ Live တင်ဆက်မှု ပြုလုပ်နေစဉ်မှာပဲ ဓားပြတစ်ယောက်က ဓားထောက်လုယက်တာကို ခံလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ချင်းအားဖြင့်-


ဘရားဇီးမှာ အလစ်သုတ်သမားတွေ၊ ဓားပြတိုက်မှုတွေ၊ လုယက်မှုကျူလွန်သူတွေ ဘယ်လောက်များနေတယ်ဆိုတာ မြင်သာစေမှာပါ။ ဒီအဖြစ်အပျက်ဟာ São Paulo မြို့မှာ နေ့ခင်းကြောင်တောင် ဖြစ်ခဲ့တာပါ။ သတင်းတင်ဆက်နေသူဟာ ရုတ်တရက်-


အိမ်ယာမဲ့အမျိုးသား ရောက်လာချိန်မှာ ခဏတော့ ကြောင်စီစီ ဖြစ်သွားပါတယ်။ အိမ်ယာမဲ့အမျိုးသားဟာ နည်းနည်း မူးနေပုံရပြီး၊ သူ ဓားပြတိုက်ဖို့ ကြိုးစားနေသူဟာ Live ထုတ်လွှင့်နေမှန်းလည်း သိပုံမရပါဘူး။ သတင်းထောက်အမျိုးသမီးရဲ့အမည်ကတော့ Bruna Macedo ဖြစ်ပါတယ်။




သူမ တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာ ဘေးနားမှာ ရိုက်ကူးရေးအဖွဲ့လည်း အတူရှိနေခဲ့ပေမယ့် ဓားပြက အတင့်ရဲစွာ ချဉ်းကပ်ပြီး ပိုက်ဆံတောင်းခဲ့တာ ဖြစ်ပါတယ်။ သူမတို့ ရိုက်ကူးရေးအဖွဲ့ဟာ Bandeiras တံတားအနီးမှာ ရိုက်ကူးရေး လုပ်ခဲ့ကြတာပါ။ Teté မြစ်ရေကြီးမှုအကြောင်း တိုက်ရိုက် ထုတ်လွှင့်ခဲ့တာပါ။




သူတို့ ရိုက်ကူးရေးလုပ်လို့ (၂)မိနစ်လောက် အကြာမှာ အိမ်ရာမဲ့အမျိုးသား ရောက်လာလဲ့ပြီး၊ ဓားကိုထုတ်ပြကာ ပိုက်ဆံပေးဖို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒီမြင်ကွင်းကြောင့် ရုံးချုပ်ကနေ တိုက်ရိုက်သတင်းတင်ဆက်နေကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း အတော်လေး အံ့သြတှုန်လှုပ်သွားခဲ့ပါတယ်။


Bruna အဖို့ ဖုန်းကို ပေးလိုက်ရတယ်လို့ သိရပါတယ်။ အခုတော့ အဲဒီ ဓားပြကို အရေးယူဖို့ အမှုဖွင့်ထားပြီးပါပြီ။ ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး၊ အဲဒီဓားပြ မည်သူမည်ဝါဆိုတာကို သူတို့ အတည်ပြုထားနိုင်ခဲ့ပြီလို့ ဆိုပါတယ်။


လင်းဇော်ကို (D Nae Khit)