ထိုင်းနိုင်ငံတွင် အမှိုက်ကောက်သူ ၁ ဦး ဘတ်ငွေ ၁၂ သန်းဖိုး ထီပေါက်

2020-07-02 20:45:05


ထိုင်းနိုင်ငံတွင် အမှိုက်ကောက်သူ ၁ ဦး ဘတ်ငွေ ၁၂ သန်းဖိုး ထီပေါက်

ထိုင်းနိုင်ငံတွင် အမှိုက်ကောက်သူ ၁ ဦး ဘတ်ငွေ ၁၂ သန်းဖိုး ထီပေါက်


ထိုင်းနိုင်ငံအလယ်ပိုင်း ပထုန်ဌာနီခရိုင်က အမှိုက်ကောက်ရောင်းသူ တစ်ဦးဟာ ဒီ ဇူလိုင်လ ၁ ရက်က ထွက်သွားတဲ့ ထိုင်းထီပထမဆု ၂ စောင်ပေါက်သွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်း သတင်းမှာ ဖော်ပြပါတယ်။


ဗိဿနုလုတ်ခရိုင်က အသက် ၅၅ နှစ်ရွယ်ရှိ နိုင်းပယတ်လုမ့်ဆန်ထေ့ ဆိုသူအမျိုးသား တစ် ဦးဟာ ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့မှာလာပြီး လမ်းဘေးအမှိုက်ပုံတွေ လိုက်လံမွှေနှောက်ကာ သုံးလို့ရတဲ့အမှိုက်တွေ ပြန်ရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတာပါ။


ဇူလိုင်လ ၁ ရက်မှာတော့ သူဟာ နံပါတ် ၃၄၇၂၅၈ ပါ ထီလက်မှတ် ၂ စောင် ကိုင်ဆောင်လာပြီး ခလောင်းဟ နယ်မြေရဲစခန်းမှာ ပထမဆုပေါက်ကြောင်း လာ အကြောင်း ကြားခဲ့ပါတယ်။


သူဟာ အဆိုပါဂဏန်းနံပါတ်တွေကို အိပ်မက်ထဲမှာ တစုံတယောက်က လာပြချက်အရ ထိုးခဲ့တာဖြစ်ကြောင်း ၊ ပြီးခဲ့တဲ့ အပတ်ကလည်း ပထမဆုရဖို့ နည်းနည်းလေးဘဲ လွဲခဲ့ကာ ဒီအပတ်မှာတော့ ပထမဆု ၂ စောင်ပေါက်သွားတာလို့ ဆိုပါတယ်။


ထိုင်းထီ ပထမဆု ၁ စောင်ကို ဘတ် ၆ သန်းရတဲ့အတွက် သူ့အနေနဲ့ ဆုငွေ ဘတ် ၁၂ သန်းရရှိမှာဖြစ်ပါတယ်။


ပင်ပန်းဆင်းရဲစွာ အမှိုက်ကောက်ရောင်းရတဲ့ သူတစ်ဦး အခုလို နေ့ချင်းညချင်း သူဌေးဖြစ်သွားတဲ့အပေါ် ရဲစခန်းတာဝန်ရှိသူတွေကလည်း ဝမ်းသာဂုဏ်ယူစွာနဲ့ ဓာတ်ပုံတွေအတူ တွဲရိုက်ခဲ့ကြပါတယ်။


ကိုးကား- Manager Online / DVB TV News