၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း – 2.7.2020 မှ 8.7.2020 အထိ

2020-07-02 21:29:23


၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း – 2.7.2020 မှ 8.7.2020 အထိ

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း – 2.7.2020 မှ 8.7.2020 အထိ


တနင်္ဂနွေ


ယခုကာလအတွင်း ဆုံးရှုံးမည်ဟုထင်ထားသော ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများအတွက် ပြန်လည်၍ အခွင့် အရေးပေါ်ပေါက်မည့်ကာလဖြစ်သည်။ သင်သည်ငွေကြေးကံ ထူးထူးခြားခြား ကောင်းမွန်နေတတ်ပြီး ကြံစည်ကြိုး ပမ်းမှုတွေမှာ အလွယ်တကူ ပြည့်ဝအောင်မြင် လာပါလိမ့်မည်။


ကံကောင်းတိုးတတ်မှုများ ပြန်လည်ဖေါ်ဆောင် နိုင် ပြီး အကောင်းဆုံး အခွင့်အရေးများ မိမိနှင့် မိသားစုလက်ဝယ်သို့ ပြန်လည်ရောက်ရှိလာပါလိမ့်မည်။ လုပ်ငန်းတွင် အတိုက်အခံလျော့ပါး၍ ကူညီစောင့်ရှောက်မည့်သူများဖြင့် ဆုံတွေ့ခွင့်ရှိမည်။ မိသားစုခရီးဝေးများ၊ အလုပ်ကိစ္စများ အတွက် ခရီးဝေးများ သွားလာရပြီး အကျိုးရှိမည်။


ထီကံစမ်းသင့်သောကာလဖြစ်ပြီး ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးနှင့် စပ်ထိုးစေချင်ပါတယ်။ ဝန်ထမ်းများတရားမဝင် ငွေကြေးလာဘ်ထိုးတာမျိုးကြုံရတတ်ပါတယ်။ လက်မခံလိုက်ပါနဲ့။ ကောင်းနေတဲ့ကံလေးညံ့သွားတတ်ပါတယ်။ပညာသင်ကြားနေသူများ လုံ့လဝီရိယအကျိုးခံစားရမည်။ ဆရာကောင်း ရဲ့အနီးကပ်သင်ပြခြင်းကိုခံရမည်။အိမ်ထောင်ရှင်များ အလုပ်ကိစ္စနှင့်အိမ်တွင်းရေး အဆင်ပြေသဖြင့် အေးချမ်းတည် ငြိမ်မည်။ချစ်သူများမိမိတို့၏အချစ်ခရီးအတွက်အကောင်းဆုံးဖန်တီးခွင့်ရရှိမည်။နှစ်ယောက်အတူငွေစပြီး စုဆောင်း တာမျိုးတွေလုပ်စေချင်ပါတယ်။


အကျိုးပေးဂဏန်း ၁/၅/၈

အထူးဟော လုပ်ငန်းစီးပွား တိုးတတ်ပွင့်လန်းမည်။

ယတြာ ပျားရည်ဝယ်ပြီး လူကြီးမိဘတွေကိုလက်ဆောင်ပေးလိုက်ပါ။


တနင်္လာ


ယခုကာလအတွင်းအကောင်းဆုံးမျှော်မှန်းချက်များလွဲချော်နေတတ်ပြီး မထင်ထားသောအရာများမှ ကောင်း ကျိုးတရားများ ဖြစ်ပေါ်လာတတ်သည်။ သင်သည် အရာရာအတွက် ဆန့်ကျင်လိုစိတ်များ ပြင်းထန်နေတတ်သည်။ စိတ်ဆိုးဒေါသ ဖြစ်ရသော အကြောင်းကိစ္စများ ရင်ဆိုင်တွေ့ကြုံလာတတ်ပြီး သည်းခံစိတ်မွေးမြူရန် အခြေအနေ မပေး သောကာလဖြစ်သည်။


အတိုက်အခံများ ယှဉ်တွဲနေသော်လည်း မိမိအတွက် အောင်မြင်တိုးတတ်မှု များ ဖန်တီးခွင့်ရှိမည်။ဆင်ခြင်တုံတရားရှိသူဆို ရုတ်တရက်ကံကောင်းမှုများ မိမိထံသို့ အလျင်စလို ရောက်လာတတ်ပြီး ဘုန်းကံအရှိန် အဝါ မြင့်မားတိုးတတ်မည်။ ကျန်းမာရေးအညံ့နှင့် ခွဲစိတ်ကုသမှုများ တွေ့ကြုံနိုင်သောကာလဖြစ် သည်။


စိတ်ရှုပ်ထွေးရသော အကြောင်းကိစ္စရပ်များကြောင့် စိတ်ညစ်နွမ်းမှုများ ကိန်းအောင်းနေတတ်သည်။ ပညာ သင်ကြားနေသူများအခွင့်အရေးကောင်းများကြောင့်ပညာရေးအကျိုးခံစားခွင့်ရရှိမည်။အိမ်ထောင်ရှင်များ အကောင်း ဆုံး ချစ်ခြင်းမေတ္တာများဖြင့် မိသားစုအတွက် နားလည်မှုရှိမည်။ ချစ်သူများ အချစ်ရေးကံ မြင့်မားတည် ငြိမ်၍ အချစ်ရေးအတွက်ကံအကောင်းဆုံးနေ့များ တွေ့ကြုံနိုင်ပါသည်။


အကျိုးပေးဂဏန်း ၂/၅/၆

အထူးဟော ဒေါသရှေ့ထားပါက မှားတတ်ပါတယ်။

ယတြာ အောင်သပြေပန်း ဘုရားကပ်လှူပါ။


အင်္ဂါ


ယခုကာလအတွင်းအခက်အခဲအတိုက်အခံများ ပြန်လည်ပေါ်ပေါက်လာမည့် အချိန်ကာလဖြစ်သည်။ မိမိဆောင်ရွက်ထားသော လုပ်ငန်းပိုင်းတွင် ဆုံးဖြတ်ယူဆချက်များ လွဲချော်၍ နစ်နာဆုံးရှုံးမှုများ ပေါ်ပေါက် တွေ့ကြုံ လာတတ်သည်။ အစစ အရာရာ ပြောင်းလဲသောအနေအထားများအကြား မိမိအခွင့်အရေးများ ဆုံးရှုံးနစ်နာရတတ် သည်။


သင်သည် လုပ်ငန်းအတွက် ကောင်းမွန်သော အဆက်အသွယ်သစ်များရရှိအောင်ကြိုးစားနိုင်မှ ကြီးပွားအောင် မြင်မှုက မိမိ အနီးတွင် တည်ရှိနေပါလိမ့်မည်။ လုပ်ငန်းကြီးများ ဆက်သွယ်ဆောင်ရွက်ရန် အခြေအနေများ ပေါ် ပေါက်တတ်ပြီး အကျိုးရှိမည်။ အဝေးရောက်သားသမီးများထံက ငွေကြေးရရှိမှုကံ ကောင်းမွန်၍ နိုင်ငံခြားငွေကြေး ကံကောင်းမှုများ ပေါ်ပေါက် တွေ့ကြုံလာမည်။


မိသားစုတွင် အိမ်၊ ခြံ၊ မြေ၊ ယာဉ် တို့နှင့်ပတ်သက်ပြီး ထူးခြားစွာ အကျိုးရှိမည်။ မတော်တဆ ထိခိုက်မှုအန္တရာယ်များ သတိပြုပါ။ ကျန်းမာရေးအညံ့ အထူးသတိပြုသင့်သောကာလ ဖြစ်သည်။ ပညာသင်ကြား နေသူများ ကျန်းမာရေး အညံကြောင့် လွဲချော်မှုများ တွေ့ကြုံ ရတတ်သည်။ အိမ်ထောင် ရှင်များ ပြဿနာ အသေးအဖွဲ့များကြောင့် စိတ်ညစ်ရတတ်သည်။ ချစ်သူများ ပြင်းထန် သော သဘောထား ကွဲလွဲ မှုများ ကြုံမည်။


အကျိုးပေးဂဏန်း ၆/၇/၀

အထူးဟော ကျန်းမာရေးသတိပြုဆင်ခြင်ပါ။

ယတြာ လူကြီးမိဘတွေကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးလိုက်ပါ။


ဗုဒ္ဓဟူး/ရာဟု


ယခုကာလအတွင်းသင်သည်ကံဇာတာကောင်းမွန်သောအခြေအနေဆီသို့ ဦးတည်နေသောကာလ ဖြစ်သည်။ လုပ်ငန်းတွင်ရာထူးဘုန်းကံအရှိန်အဝါမြင့်မားတိုးတတ်၍ကြံဆောင်ကြိုးပမ်းမှုများတွင်ပင်ပန်းရသော်လည်း အကျိုး ခံစားရတတ်သည်။ လုပ်ငန်းကိစ္စနှင့် ပတ်သက်၍ စပ်တူစပ်ဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အရေးသစ်များ တွေ့ကြုံ ပေါ်‌ပေါက်လာမည်။


ယခင်ဆုံးရှုံးထားသောပစ္စည်းများ အခွင့်အရေးများ မထင်မှတ်ဘဲ မိမိထံသို့ ပြန်လည်၍ ရောက်ရှိလာတတ်သည်။ ငွေကြေးကံကောင်းသော်လည်း ဝင်ရောက်လာသောငွေများ လက်ထဲတွင် မမြဲတတ်ပါ။ အခက်အခဲအချို့ ယှဉ်တွဲနေသောကာလဖြစ်ပြီး လုပ်ငန်းခွင်တွင် ငယ်သားတွေကြောင့် စိတ်အနှောက်အယှက် ကြုံမည်။မထင်မှတ်ဘဲရောက်ရှိလာသော ပြဿနာအခက်အခဲများ ခေါင်းအေးအေးနှင့်ဖြေရှင်းပါကပြေလည်မှု ရရှိ မည်။


ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်သည်။ပညာသင်ကြားသူများ အဘက်ဘက်မှတိုးတတ်အောင် မြင်မည်။ အိမ်ထောင်ရှင်များ ငွေကြေးကိစ္စများနှင့် ပတ်သက်၍ ပဋိပက္ခများ ကြုံရတတ်သည်။ ချစ်သူများ သိမ်မွေ့ ငြိမ်းချမ်းသော ချစ်ခြင်းတရား များဖြင့် အကောင်းဆုံး မေတ္တာလမ်းခရီးထက် ပျော်ရွှင်ရသော ကာလ ဖြစ်သည်။


အကျိုးပေးဂဏန်း ၁/၄/၇

အထူးဟော ကံမြင့်မားနေတတ်ပါတယ်။

ယတြာ အုန်းထမင်းဆွမ်းချက်ပြီး ဘုရားကပ်လှူပေးပါ။


ကြာသပတေး


ယခုကာလအတွင်း သင်သည်စုတ်၊လာဘ်ဝင်မည်။ လူမှုရေးကိစ္စအများအပြား ဆောင်ရွက်လုပ်ကိုင်ရပြီး ကံကောင်း အကျိုးရှိမည်။ လူမှုရေးအကူအညီကောင်းများ ရရှိပြီး မိမိဘဝတိုးတတ်မြင့်မားသောလမ်းကြောင်းထက် ရောက်ရှိ မည်။ အဖွဲ့အစည်းများနှင့်ပတ်သက်၍ လုပ်ငန်းသစ်များ ဆောင်ရွက်လုပ်ကိုင်ရပြီး မိမိကြိုးပမ်းမှုများ အတွက် အကျိုးခံစားရမည်။


လုပ်ငန်းအတွက် တွေးခေါ်ဆုံးဖြတ်ချက် မှန်ကန်သင့်မြတ်သည့်အတွက် ကောင်းကျိုး တရား များ ပိုင်ဆိုင်ရရှိမည်။ ငွေကြေးကိစ္စများအတွက် ဝမ်းသာစရာကြုံရမည်။ မိမိသုံးစွဲနေသော အသုံးအဆောင် ပစ္စည်းကောင်းများ တစ်ဦးတစ်ယောက်ကလက်ဆောင်အဖြစ်ပေးလိမ့်မည်။ ပညာသင်ကြားနေသူများ ပညာရေး တွင် အခက်အခဲများကြားမှ အကျိုးရှိအောင်မြင် မည်။


ချစ်သူများ မိသားစုအသိုင်းအဝိုင်း ပဋိပက္ခကိစ္စများကြောင့် နားလည်မှုလွဲချော်နေမည်။ချစ်သူမရှိသေးသူများဝီရိယအထူးမစိုက်ထုတ်ရဘဲချစ်သူရတတ်သည်။ အိမ်ထောင်ရှင် များ စန်းထ ချိန်ဖြစ်သည့်အတွက် အိမ်ထောင်ဖက်၏ သံသယအကျိုး ခံစားရတတ်သည်။ ကျန်းမာရေး အညံ့ပိုနေ တတ်ပါ တယ်။ဥတုနဲ့ညီမျှအောင်နေပါ။ အစား အသောက်၊ အနေအထိုင်၊ အပူအအေး ဂရုစိုက်ပါ။


အကျိုးပေးဂဏန်း ၁/၂/၈

အထူးဟော စုတ်ရော၊လာဘ်ရောဝင်မည်။

ယတြာ ပဲကြော် ၅ခုဘုရားကပ်လှူပေးပါ။


သောကြာ


ယခုကာလအတွင်း သင်သည် မိမိကြံစည်ကြိုးပမ်းမှုများအတွက် အဘက်ဘက်မှ အတိုက်အခံ ကြုံရတတ် သည်။ မိသားစုအတွင် လုပ်ငန်းပိုင်း စီးပွားရေးပိုင်းကိစ္စများတွင် လိမ်လည်လှည့်ဖြားမှုများ တွေ့ကြုံရတတ်သည်။ လူမှုရေးကိစ္စအမျိုးမျိုးအတွက် ငွေကြေးသုံးစွဲကုန်ကျမှုများ များပြားနေတတ်ပြီး ရွှေရတနာပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီး၊ ဆုံးရှုံးရတတ်သည်။


ဘာသာရေးကိစ္စများအား အလေးအနက်ထားကာ ဆောင်ရွက်လုပ်ကိုင်သင့်သည်။ လူမှုရေးကိစ္စအများအပြား ဆောင်ရွက်လုပ်ကိုင်သူများ ကံကောင်းအကျိုးရှိမည်။ လူမှုရေးအရကူညီဖူးသူက မိမိ အခက်အခဲကိုဖြေရှင်းပေးတာကြောင့်မိမိဘဝတိုးတတ်မြင့်မားသောလမ်းကြောင်းထက် ရောက်ရှိမည်။


ကျန်းမာရေး အညံ့မရှိသလောက်ပါပဲ။ တစ်ခုသတိထားရမှာက နယ်ဝေးခရီးသွားရင် ရေပြောင်း၊မြေပြောင်းဖြစ်တာမို့ ဖျားနာ တတ် ပါတယ်။ပညာသင်ကြားနေသူများ အခက်အခဲအမျိုးမျိုးကြား သောကများရတတ်သည်။စာမလိုက်နိုင်တာမျိုး ကြုံရတတ်သည်။ အိမ်ထောင်ရှင်များ လူမှုရေးကိစ္စအရှုပ်အရှင်းများ တွေ့ကြုံရနိုင်ပါသည်။ ချစ်သူများ စိတ်လက် ချမ်းသာခွင့်ရရှိမည်။ ချစ်သူကမိမိအခက် အခဲကို ငွေအားလူအားနဲ့ကူညီပေးလိမ့်မည်။


အကျိုးပေးဂဏန်း ၅/၆/၉

အထူးဟော ကံအညံ့များပေမယ့် ကူညီမယ့်သူပေါတဲ့ကာလပါ။

ယတြာ ပလာတာ ၂ချပ် ဘုရားကပ်လှူပါ။


စနေ


ယခုကာလအတွင်း လုပ်ငန်းကိစ္စများအတွက် ပင်ပန်းမှုများ ယှဉ်တွဲနေတတ်သော်လည်း မိမိအတွက် အကျိုး အမြတ်ရရှိမည်။ တစ်ခြားသူတို့၏ အကြောင်းကိစ္စများတွင် ကြားဝင်ဆောင်ရွက်လုပ်ကိုင်ပေးမှုများ ရှောင်ကြဉ်ပါ။ ပါးနပ်စွာကြံစည်ကြိုးပမ်းမှုများသည် အရာရာအတွက်အောင်မြင်မှုများ ဆွတ်ယူနိုင်သည့် ကာလဖြစ်သည်။


ကောင်း သောအခွင့်အလမ်းများအတွက် မှန်ကန်တည်ငြိမ်သော ဆုံးဖြတ်မှု များဖြင့် လိုအပ်ချက်များကို ဖန်တီးရယူပါ။ ခရီး ဝေး သွားရခြင်း၊ နိုင်ငံရပ်ခြားခရီးစဉ် ပေါ်ပေါက်မှုများ တွေ့ကြုံလာမည်။ လူမျိုးခြား၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သည့် လုပ်ငန်းကိစ္စများအတွက် အခွင့်အရေးကောင်းတစ်ခု ရရှိလာမည်။ ငွေကြေးပိုင်း အကျိုးရှိအဆင်ပြေ၍ မထင် မှတ်ဘဲ ငွေကြေးအများအပြား ရရှိနိုင်သည်။


လက်လွန်နေတဲ့ငွေကြေးတွေ၊ ကြန့်ကြာနေတဲ့ လုပ်အားခတွေရလာ တတ်ပါတယ်။ ပညာသင်ယူနေသူများ စိတ်ပင်ပန်းရသော်လည်း အောင်မြင်မှု ရယူဖန်တီးနိုင်မည်။ အိမ်ထောင်ရှင် များ ငြိမ်းချမ်းသော မိသားစုဘဝရရှိမည်။ ချစ်သူများ မကြာမကြာ စိတ်ဆိုး၊ စိတ်ကောက်နေလိမ့်မည်။ ဒါပေမယ့် ပြန်ချော့လို့ အဆင်ပြေတတ်ပါတယ်။ ကျန်းမာရေးအတွက် အထူးအညံ့အဆိုးမရှိပါ။ ဒူးနာ၊ခါးနာဆိုတာမျိုးတော့ ဖြစ်တတ်ပါတယ်။ ကိုယ်လက်ညောင်းညာကိုက်ခဲနေတတ်သည်။


အကျိုးပေးဂဏန်း ၃/၈/၀

အထူးဟော ကံအညံ့အဆိုးတွေ သိပ်မတွေ့ရပါ။

ယတြာ ဆေးလိပ်သောက်တတ်သူတစ်ဦးကို မီးခြစ်တစ်လုံးလက်ဆောင်ပေးလိုက်ပါ။


၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 /09 44 5555 695