VAN ကား(၉) စီး ဦးရာလူ ယူ အလကားပေးနေသူ ထိုင်းစီးပွားရေး လုပ်ငန်းရှင်

2020-07-02 21:37:22


VAN ကား(၉) စီး ဦးရာလူ ယူ အလကားပေးနေသူ ထိုင်းစီးပွားရေး လုပ်ငန်းရှင်

VAN ကား(၉) စီး ဦးရာလူ ယူ အလကားပေးနေသူ ထိုင်းစီးပွားရေး လုပ်ငန်းရှင်


ထိုင်း နိုင်ငံ တောင်ပိုင်း စုရတ်ဌာနီ က ခရီးသွားပို့ဆောင် ရေးလုပ်ငန်းရှင် နိုင်ကစ်တီစပ် ရပ်ဒီ က ဇွန်လ ၂၆ ရက်နေ့က သူ့ဖေ့ဘုတ်စာမျက်နှာကနေ ဗင်းကားလိုချင်သူတွေ အလကားပေးမယ်လို့ရေးသားထားတာ ပါ –


ကိုဗစ်-၁၉ ကာလမှာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံး၀ စီးပွား ပျက်သွားခဲ့လို့ လပေးနဲ့ ဝယ်ထားတဲ့ ဗင်ကား(၉) စီးကို သူ့အနေနဲ့ ငွေ ဆက်ပေးချေတာမျိုးမလုပ်နိုင်တော့တာကြောင့် အ ခုလို ဆုံးဖြတ်ခဲ့တာလို့ ထိုင်းသတင်းတွေ

မှာဖေါ်ပြထားပါတယ်။


Van ဗင်ကားယူမယ်သူတွေကို နာမည်အပြီး လွဲပြောင်း ပေးမှာဖြစ်ပါတယ်။ကားကို လက်လွဲယူမယ့်သူတွေက ကားဘိုး ငွေ တစ်လ ဘတ်ငွေ ၂၄၀၀၀ ကို ကားကုမ္ပဏီ ကိုဆက်ပေးသွင်းရမှာပါ။




ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း အလုပ်မဖြစ်တာကြောင့် လုပ်ငန်းရှင်အများအပြား ဝယ်ထားတဲ့ ကားခတွေ ဆက် မသွင်းနိုင်လို့ ကားတွေပြန်သိမ်း ခံနေရပါတယ်။


ဒီတော့ ကားတွေ အသိမ်းမခံတော့ပဲ သွင်းပြီးသားငွေတွေလည်းမဆုံးအောင်နောက်ယူမယ့်သူတွေလည်း ဈေးသက်သာအောင် အလကားပေးနေတာပါ။လိုချင်တဲ့သူတွေလည်း အလုအယက် တန်းစီနေတာပါပဲ။


Social Action for Children and Women – SAW