သူနာပြုဆရာမ ယောင်ဆောင်ပြီး၊ ဆေးရုံတစ်ခုမှ ကလေးခိုးသွားတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီးနိုင်ခဲ့

2020-07-13 23:57:41


သူနာပြုဆရာမ ယောင်ဆောင်ပြီး၊ ဆေးရုံတစ်ခုမှ ကလေးခိုးသွားတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီးနိုင်ခဲ့

သူနာပြုဆရာမ ယောင်ဆောင်ပြီး၊ ဆေးရုံတစ်ခုမှ ကလေးခိုးသွားတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီးနိုင်ခဲ့


တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဟာ သူနာပြုဆရာမကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးရုံတစ်ခုမှ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။ ကလေးသူခိုးနာမည်မှာ Ms Li လို့သာ သတင်းက ဖော်ပြထားပါတယ်။ မကြာသေးခင်ကမှ ကိုယ်ဝန်ပျက်ကျ ထားသူပါ။


Li ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်၊ Liangjiang Hospital မှ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို ခိုးယူခဲ့ပြီး၊ နောက်ထပ် (၅၆)နာရီအကြာမှာ ရဲတပ်ဖွဲ့က လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။


အခိုးခံရတဲ့ ကလေးကတော့ မိန်းကလေးဖြစ်ပါတယ်။ မိခင် အိပ်ပျော်နေချိန်မှာ Li က တိတ်တဆိတ် ယူသွားခဲ့တာပါ။ နောက်တော့ သူမက မကြာသေးခင်က ပျက်ကျသွားတဲ့ ကိုယ်ဝန်ကိစ္စ လူသိမခံဘဲ၊ ဒီကလေးကို သူမကိုယ်တိုင် မွေးထားသယောင် အိမ်နီးနားချင်းတွေကို လိမ်ခဲ့ပါတယ်။


Li ဟာ ကိုယ်ဝန်ပျက်ကျခဲ့ပေမယ့် ကိုယ်ဝန်ဆက်ရှိနေသယောင် ဟန်ဆောင်ခဲ့ပြီး၊ ခိုးလာတဲ့ကလေးက သူမရဲ့ကလေးဆိုတဲ့ ပုံစံမျိုး ဖန်တီးခဲ့တာပါ။ တရားရုံးက Li အနေနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။


ကလေးအခိုးခံရတဲ့ အမျိုးသမီးအမည်ကတော့ Chen Mingxin ဖြစ်ပါတယ်။ ဆေးရုံမှာ ကလေးပျောက်သွားကတည်းက သက်ဆိုင်ရာက CCTV တွေနဲ့ တောက်လျှောက် စစ်ဆေးပြီး၊ တရားခံကို လိုက်ဖမ်းခဲ့ရတာပါ။ အခုဆိုရင် အခိုးခံရတဲ့ သမီးလေးဟာ အခုဆိုရင် (၇)လအရွယ် ရောက်နေပါပြီ။


လင်းဇော်ကို (D Nae Khit)