မိကျောင်းကြီးကို ဂုတ်ခွစီးပြီး၊ မြစ်ထဲမှာ မကြောက်မရွံ့ ရေကူးနေကြတဲ့ ကလေးငယ်များ

2020-07-13 23:58:33


မိကျောင်းကြီးကို ဂုတ်ခွစီးပြီး၊ မြစ်ထဲမှာ မကြောက်မရွံ့ ရေကူးနေကြတဲ့ ကလေးငယ်များ

မိကျောင်းကြီးကို ဂုတ်ခွစီးပြီး၊ မြစ်ထဲမှာ မကြောက်မရွံ့ ရေကူးနေကြတဲ့ ကလေးငယ်များ


မလေးရှားနိုင်ငံ၊ ဆာဘက်ပြည်နယ်က ကလေးတချို့ဟာ မိကျောင်းကြီးတစ်ကောင်ကို ဂုတ်ကနေ ခွစီးလိုက်၊ လည်ပင်းကနေ သိုင်းဖက်လိုက်နဲ့ ရေထဲမှာ မကြောက်မရွံ့ ကူးခတ်နေကြပါတယ်။ ဒီအဖြစ်အပျက်ဟာ သာမန်လူတစ်ယောက်အတွက် အလွန် ထိတ်လန့်စရာပါ။


မိကျောင်းဆိုတာ ရေထဲမှာ တွေ့သမျှသတ္တဝါတွေကို ဖမ်းဆီးစားသောက်တတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဘယ်လောက်ပဲ လူတွေနဲ့ ယဉ်နေပါတယ်ဆိုရင်တောင် မိကျောင်းလိုသတ္တဝါနဲ့ အနီးကပ်နေဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို ဖက်လှဲတကင်းနေဖို့ဆိုတာ တွေးတာနဲ့တင် ကြောက်စရာ ကောင်းနေပါပြီ။




အဆိုပါ ကလေး(၄)ဦးကတော့ မိကျောင်းကြီးနဲ့ ငယ်ပေါင်းကြီးဖော်တွေအတိုင်း ရေအတူတူ ကူးနေကြတာပါ။ တကယ်လည်း ဒီမိကျောင်းကြီးဟာ ကလေးတွေနဲ့ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့တာလို့ ဆိုပါတယ်။ မိကျောင်းလေး အကောင်ပေါက်ဘဝကတည်းက ကလေးတွေအဖေက အိမ်ကို ဖမ်းယူလာခဲ့တာပါ။


ကလေးမလေးတစ်ယောက်ကတော့ အရဲတင်းဆုံးဖြစ်ပြီး မိကျောင်းရဲ့ပါးစပ်ကိုတောင် အတင်းဖြဲပြီး ကင်မရာသမားကို လှမ်းပြုံးပြနေပါသေးတယ်။ မိကျောင်းကြီးဟာ အရှည်အားဖြင့် (၅)ပေလောက်သာ ရှိပါသေးတယ်။ စိုးရိမ်သူတွေတစ်ချို့ကတော့ မိကျောင်းကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးတာ အန္တရာယ်များကြောင်း အသိပေးခဲ့ပါတယ်။


လင်းဇော်ကို (D Nae Khit)