(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု ဖြစ်ပွား

2020-07-14 09:24:20


(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု ဖြစ်ပွား

(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု ဖြစ်ပွား


အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာအနီးမီးရထားသံလမ်းဘေး တောစပ်တနေရာ မောင်းအင်းကန်ဘေးတွင် (၈)တန်းကျောင်းသူနဲ့ (၁၀)တန်းကျောင်းသူညီအစ်မ(၂)ဦး အသတ်ခံရမှု ဖြစ်ပွားကြောင်း သိရပါတယ်။


13-7-2020 မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပြီး နတ်မဟုတ်ကလေးရွာနေ ဦးသိန်းသန်းစိုး+ဒေါ်တင်ဖြူ ဦးတို့၏သမီးနှစ်ယောက် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ မြို့နယ်မှ တာဝန်ရှိသူများရပ်ရွာမှ တာဝန်ရှိသူများပူးပေါင်းလျက် အခင်းဖြစ်ရာသို့ သွားရောက်ပြီး လိုအပ်သည်များစစ်ဆေးခြင်း တရားခံကို

အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အပူတပြင်းဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းအရ သိရပါသည်။


သတင်းဓါတ်ပုံ – မောင်ချစ်လင်း(အင်းတော်)/လူအောင်