ဓါးနှင့်အထိုးခံရသည့် ခင်ပွန်း နေအိမ်၌ သေဆုံးနေမှု ဇနီးဖြစ်သူ မှအမှုဖွင့်

2020-07-14 10:00:45


ဓါးနှင့်အထိုးခံရသည့် ခင်ပွန်း နေအိမ်၌ သေဆုံးနေမှု ဇနီးဖြစ်သူ မှအမှုဖွင့်

ဓါးနှင့်အထိုးခံရသည့် ခင်ပွန်း နေအိမ်၌ သေဆုံးနေမှု ဇနီးဖြစ်သူ မှအမှုဖွင့်


ရွှေပြည်သာမြို့နယ်တွင် ခင်ပွန်းဖြစ်သူ ဓါးထိုးခံရပြီ နေအိမ်၌ သေဆုံးနေသဖြင့် ဇူလိုင် ၁၂ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်နေ အမှတ်(၁၀)ရပ်ကွက်၊ ရတနာသီရိလမ်းနေ တရားလိုမှာ ဇူလိုင် ၁၁ ရက်နေ့ ညနေ ၆ နာရီခန်တွင် မိခင်နေထိုင်ရာ အင်းစိန်မြို့နယ်နေအိမ်သို့ရောက်နေစဉ် ရွှေပြည်သာမြို့နယ်နေ ခင်ပွန်းဖြစ်သူ၏သူငယ်ချင်းမှ ဖုန်းဆက်၍ “အမရေ အမယောက်ျား ရန်ဖြစ်လို့ လက်မှာ ဓါးဒဏ်ရာရထားတယ်ဟု ပြောရာ ၎င်းမှ ဆေးခန်းပြပြီး အိမ်ကိုပို့ထားလိုက်” ဟုပြောကာ ထိုနေ့ ညအိမ်မပြန်တော့ဘဲ အင်းစိန်တွင် ညအိပ်ခဲ့ကြောင်း ဆိုသည်။


နောက်တနေ့ ဇူလိုင် ၁၂ရက်နေ့၌ ၎င်းမှာ တညင်းကုန်းဈေးတွင် ဈေးရောင်းနေရာမှ ညနေ ၄နာရီချိန်ခန့်တွင် နေ့စဉ်မုန့်ဖိုးငွေ ၅၀၀၀ ကျပ်ယူနေကျ ခင်ပွန်းမှာ လာမယူသဖြင့် တရားလိုမှ သမီးဖြစ်သူအား သွားကြည့်ခိုင်းခဲ့စဉ် နေအိမ်တွင် ဖခင်ဖြစ်သူမှာ သေဆုံးလျှက်တွေ့ရ၍ သမီးမှ ဖုန်းဆက်ကာ “အမေကြီးရေ အပါကြီးသေနေပြီ”ဟုပြောသဖြင့် နေအိမ်ပြန်လာခဲ့ကြောင်း ဆိုသည်။


အိမ်ပြန်ရောက်စဉ် ခင်ပွန်းဖြစ်သူ ဦးလှမောင်သိန်း(ခ) မောင်ရွှေ (၄၅ နှစ်)အား နေအိမ်အတွင်းနံရံမှီလျှက် ယာဘက်လက်ကောက်ဝတ်တွင် ၂ လက်မခွဲခန့် ပြတ်ရှဒဏ်ရာ တစ်ချက် ၊ ယာဘက်နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရ၍ ဖြစ်စဉ်အားစုံစမ်းခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ဇူလိုင် ၁၁ ရက်နေညနေ ၆နာရီခန့်က ရွှေပြည်သာမြို့နယ် အမှတ် ၁ ရပ်ကွက် အောင်ချမ်းသာလမ်း(ကျူး)လမ်းမပေါ်တွင် နောနော် ဆိုသူနှင့် အရက်မူးကာစကားများရန်ဖြစ်ခဲ့ကြပြီး နောနော်မှာ ဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် ခင်ပွန်းအား သေဆုံးအောင်ပြုလုပ်သူ နောနော်အား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဓါးဖြင့်ထိုးသတ်ခဲ့သူ နောနော်(စုံစမ်းဆဲ)အား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ) ၂၆၄၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။


ကိုတင့်(ရွှေပြည်သာ)

Top Phoenix Media Group