အင်းစိန်တွင် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ခံရ

2020-07-14 10:01:12


အင်းစိန်တွင် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ခံရ

အင်းစိန်တွင် အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ခံရ


ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်း ရပ်ကွက်၌ အသက် ၅၇နှစ်အရွယ် အမျိုးသား တစ်ဦး ဓါးခုတ် ဒဏ်ရာများဖြင့် သေဆုံးလျှက် တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ယနေ့ ဇူလိုင် ၁၃ရက်နေ့ ၁၁နာရီခန့်က အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ လူမနေသည့် ခြံံဝင်းအတွင်း အသက် ၅၇နှစ်ရွယ် ဦးဇော်လတ်က ဓါးခုတ် ဒဏ်ရာများဖြင့် သေဆုံးနေတယ်။


မြေကြီးပေါ်ခင်းထားသည့် အိပ်ယာပေါ်တွင် ပက်လက် အနေအထားဖြင့် လည်ပင်းတွင် ပုဆိုးအပိုင်းအစပက်၍ ခေါင်းရင်းဘက်ရှိ အမြင့် ၄ပေခန့်ဝါးတိုင်၌ ချည်နှောင်လျက် နဖူးပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊

မေးစေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲပါး/ဝဲမျက်ခုံး ပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ညာဂျိုစောင်းပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ ဝဲဂျိုစောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲတံတောင်ပေါက်ပြဲဒဏ်ရာ(၁)ချက် ဓါးဒဏ်ရာ ၆ချက် တို့ဖြင့် သေဆုံးနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။


အဆိုပါ ဦးဇော်လတ် သေဆုံးခြင်းနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး၊အင်းစိန်မြို့မရဲစခန်းမှ (ပ) ၁၁၀၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။


ဝဿန် (အင်းစိန်)

Top Phoenix Media Group