ကျောင်းသူ သေဆုံးတာကို မိသားစုထံ အကြောင်းမကြားဘဲ အလောင်းဖျောက်ခဲ့တဲ့ ဘော်ဒါဆောင် ပိုင်ရှင်များ

2020-07-14 13:13:31


ကျောင်းသူ သေဆုံးတာကို မိသားစုထံ အကြောင်းမကြားဘဲ အလောင်းဖျောက်ခဲ့တဲ့ ဘော်ဒါဆောင် ပိုင်ရှင်များ

ကျောင်းသူ သေဆုံးတာကို မိသားစုထံ အကြောင်းမကြားဘဲ အလောင်းဖျောက်ခဲ့တဲ့ ဘော်ဒါဆောင် ပိုင်ရှင်များ


အိန္ဒိယနိုင်ငံက နာမည်ကြီးဘော်ဒါဆောင်တစ်ခုမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသူလေးတစ်ယောက် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။ ကလေးမိဘတွေကို အကြောင်းမကြားဘဲ အဲဒီကောင်မလေးရဲ့အလောင်းကို ဘော်ဒါဆောင် တာဝန်ရှိသူတွေက လျှို့ဝှက်သင်္ဂြိုဟ်ခဲ့ကြပါတယ်။


ကလေးမလေးဟာ သူမရဲ့အခန်းထဲမှာပဲ ဆွဲကြိုးချသေဆုံးခဲ့တာလို့ သိရပါတယ်။ ကျောင်းသားမိဘတွေက သတင်းကြားသိတဲ့အခါမှာ လာရောက်ရှာဖွေတော့ ကျောင်းတာဝန်ရှိသူတွေက ကလေးမလေးဟာ သဘာဝအတိုင်း သေဆုံးခဲ့တာဖြစ်ကြောင်း လီဆယ်ခဲ့သလို၊ မိဘတွေကိုလည်း လက်မှတ်ထိုးဖို့ ဖိအားပေးခဲ့ပါတယ်။


ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ Noida မြို့မှာ ဖြစ်ခဲ့တာပါ။ တာဝန်ကျရဲတပ်ဖွဲ့ထံကို မိဘတွေက သွားရောက်အမှုဖွင့်ခဲ့သော်လည်း၊ အဲဒီရဲစခန်းကို သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းစဉ်မှာ သူတို့ဆီကို အမှုလာဖွင့်တာမျိုး မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။


မိဘတွေရဲ့အဆိုအရ ကလေးမလေးဟာ သူ့ဘာသာ နေမကောင်းဖျားနာပြီး သေဆုံးခဲ့တာဖြစ်ကြောင်း သူတို့ကို လက်မှတ်အတင်းထိုးခိုင်းတယ်လို့ ဆိုပါတယ်။ စာမေးပွဲမပြီးသေးတဲ့အတွက် Lockdown စည်းမျဉ်းရှိနေလင့်ကစား သက်ဆိုင်ရာက စားမေးပွဲပြီးဆုံးအောင်ဖြေဖို့ ညွှန်ကြားခဲ့လို့ ကျောင်းသားတွေ ဘော်ဒါပြန်ဝင်ခဲ့ရတာလို့ သိရပါတယ်။


ပြီးခဲတဲ့ ဇူလိုင်(၃)ရက် သောကြာနေ့မှာ သေဆုံးသူရဲ့မိဘတွေကို ဘော်ဒါဆောင်က ဆက်သွယ်ခဲ့တာပါ။ အဲဒီအချိန်မှာ အလောင်းကို သင်္ဂြိုဟ်ထားပြီးပါပြီ။ ကလေးမလေး ထားရှိခဲ့တဲ့စာထဲမှာ သူမ ဒီလမ်းကို ရွေးချယ်တာ မှားယွင်းကြောင်း၊ သူမကို လူတွေက မုန်းနေကြပြီး၊ သူငယ်ချင်းလည်း မရှိဘူးလို့ ဆိုပါတယ်။ ရဲကတော့ ဘယ်သူ့ကိုမှ ဖမ်းဆီးခြင်း မရှိသေးပါဘူး။


လင်းဇော်ကို (D Nae Khit)