သိမ္ျဖဴခံုးတံတားေအာက္တြင္ ခုႏွစ္ႏွစ္အရြယ္ မိန္းကေလးတစ္ဦး အသတ္ခံရ

2019-08-21 13:49:41


သိမ္ျဖဴခံုးတံတားေအာက္တြင္ ခုႏွစ္ႏွစ္အရြယ္ မိန္းကေလးတစ္ဦး အသတ္ခံရ

မဂၤလာေတာင္ညြန္႔ၿမိဳ႔နယ္၊ သိမ္ျဖဴခံုးတံတားေအာက္တြင္ ခုႏွစ္ႏွစ္အရြယ္ မိန္းကေလးတစ္ဦး အသတ္ခံရမႈႏွင့္ ပတ္သက္၍ ကေလး၏ ေမြးစားဖခင္ဟုဆုိသူကုိ ဖမ္းဆီးစစ္ေဆးေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။


ေသဆံုးေနသည့္ မိန္းကေလး၏ ရုပ္အေလာင္းကုိ (ယေန႔) ၾသဂုတ္ ၂၁ ရက္ နံနက္ပုိင္းက သိမ္ျဖဴ မီးရထားသံလမ္းကူး ခံုးတံတားေအာက္တြင္ ေတြ႔ရွိခဲ့သျဖင့္ မီးရထားဝန္ထမ္းက ရဲတပ္ဖြဲ႔ထံ သတင္းေပးပုိ႔ခဲ့သည္။


အသတ္ခံရသည့္ မိန္းကေလးမွာ မေသဆံုးခင္ ရုန္းကန္ထားသည့္ ပံုသ႑န္ရွိၿပီး အဓမၼျပဳက်င့္ခံရျခင္း ရွိမရွိကုိ လတ္တေလာ စစ္ေဆးေနသည္။


ရဲတပ္ဖြဲ႔က ဖမ္းဆီးစစ္ေဆးေနသည့္ အမ်ိဳးသားမွာ ေသဆံုးသူ မိန္းကေလးအား ပုိက္ဆံေတာင္းရမ္းသည့္ အလုပ္ကုိ ေစခုိင္းရာတြင္ မလုပ္သျဖင့္ ရုိက္ႏွက္ရာမွ လက္လြန္ၿပီး ကေလးမွာ ေသဆံုးခဲ့ျခင္းျဖစ္ႏုိင္ေၾကာင္း ပတ္ဝန္းက်င္ထံမွ စံုစမ္းသိရွိရသျဖင့္ မဂၤလာေတာင္ညြန္႔ၿမိဳ႕မရဲစခန္းမွ ယင္းအမႈကုိ (ပ) ၆၀၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။


ယခုသတင္းကို မိတ္ဖက္သတင္းဌာန The Voice ထံမွ တရားဝင္ခြင့္ျပဳခ်က္ျဖင္႔ေဖာ္ျပျခင္း ျဖစ္ပါသည္။


Unicode


ရန်ကုန်၊ သြဂုတ် ၂၁


မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူခုံးတံတားအောက်တွင် ခုနှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကလေး၏ မွေးစားဖခင်ဟုဆိုသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။


သေဆုံးနေသည့် မိန်းကလေး၏ ရုပ်အလောင်းကို (ယနေ့) သြဂုတ် ၂၁ ရက် နံနက်ပိုင်းက သိမ်ဖြူ မီးရထားသံလမ်းကူး ခုံးတံတားအောက်တွင် တွေ့ရှိခဲ့သဖြင့် မီးရထားဝန်ထမ်းက ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့သည်။


အသတ်ခံရသည့် မိန်းကလေးမှာ မသေဆုံးခင် ရုန်းကန်ထားသည့် ပုံသဏ္ဍန်ရှိပြီး အဓမ္မပြုကျင့်ခံရခြင်း ရှိမရှိကို လတ်တလော စစ်ဆေးနေသည်။


ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည့် အမျိုးသားမှာ သေဆုံးသူ မိန်းကလေးအား ပိုက်ဆံတောင်းရမ်းသည့် အလုပ်ကို စေခိုင်းရာတွင် မလုပ်သဖြင့် ရိုက်နှက်ရာမှ လက်လွန်ပြီး ကလေးမှာ သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ ယင်းအမှုကို (ပ) ၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။


ယခုသတင်းကို မိတ်ဖက်သတင်းဌာန The Voice ထံမှ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။