သမီးဖြစ်​သူက သွား​သေလိုက်​လို့ ​ပြောတာ​ကြောင့်​ တကယ်​သတ်​​သေသွားတဲ့ ဖခင်

2019-08-21 18:30:33


သမီးဖြစ်​သူက သွား​သေလိုက်​လို့ ​ပြောတာ​ကြောင့်​ တကယ်​သတ်​​သေသွားတဲ့ ဖခင်

မိသားစုဝင်​အချင်းချင်း​ စကားများရန်​ဖြစ်​ကြတယ်​ဆိုတာ ထူးခြားမှုမရှိပါဘူး။ မိသားစုတိုင်းဖြစ်​​နေကျမဟုတ်​လား။ ရန်​ဖြစ်​​လေ ပိုချစ်​​လေဆိုတဲ့ မိသားစု​တွေလဲရှိ​သေးတာကိုး​။ ဖြစ်​ပြီး​တော့လဲ ပြီးသွားကြတာလဲအမှန်​ပါ။


အခုဖြစ်​ခဲ့တဲ့ဖြစ်​ရပ်​မှာ​တော့ အ​ဖေနဲ့သမီးအကြား ရန်​ဖြစ်​စကားများကြတဲ့ကိစ္စဟာ နှုတ်​​ကြောင့်​​သေ ဆိုတဲ့အ​ခြေအ​နေအထိဆိုက်​​ရောက်​သွားခဲ့တာဟာ အင်​မတန်​စိတ်​ထိခိုက်​ဖွယ်​ရာ​ကောင်းခဲ့ပါတယ်​။


ထိုင်းနို​င်​ငံက အသက်​ ၇၃ နှစ်​အရွယ်​ ဖခင်​တစ်​ဦးနဲ့ သူ့ရဲ့ သမီးဖြစ်​သူ ၃ နာရီကြာတဲ့အထိ စကား​တွေများပြီး အ​ချေအတင်​ဖြစ်​ခဲ့ကြပါတယ်​။ သတင်း​တွေအရ ဖခင်​ဖြစ်​သူဟာ အဲ့ဒီရန်​ပွဲမှာ ရန်​စကား​တွေ အပြန်​အလှန်​​ပြောဆိုကြရင်း သမီးဖြစ်​သူက​ပြောဆိုလိုက်​တဲ့ “သွား​သေလိုက်​” ဆိုတဲ့ စကား​ကြောင့်​ စိတ်​ထိခိုက်​ခဲ့ရပြီး အဲ့ဒီ့ရန်ုဖြစ်​တဲ့ညမှာပဲ နိုင်​လွန်​ကြိုးနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ ကြိုးဆွဲချ​သတ်​​သေသွားခဲ့တယ်​လို့ သိရပါတယ်​။




သူ့ကို သူ့ရဲ့အိမ်​​ဘေးက ဂို​ဒေါင်​ထဲမှာ ကြိုးဆွဲချ​သေဆုံးလျက်​သား ​တွေ့ရှိခဲ့ရတာပါ။ သူ့ဇနီးဖြစ်​သူရဲ့အဆိုအရ​တော့ အရင်​ဦးဆုံး ​အော်​ဟစ်​ရန်​​စောင်​ခဲ့သူက ခင်​ပွန်းဖြစ်​သူသာဖြစ်​ပြီး သွား​သေလိုက်​ ဆိုတဲ့စကားကိုလဲ သမီးဖြစ်​သူကို သူကအရင်​ဦးဆုံး​ပြောဆိုခဲ့တာဖြစ်​​ကြောင်း သိရပါတယ်​။


သမီးဖြစ်​သူက ပြန်​လည်​​တုံ့ပြန်​အာ်​ဟစ်​ခဲ့ပြီး သွားသာ​သေလိုက်​​တော့ လို့ ​ပြောဆိုခဲ့စဉ်​မှာ​တော့ ဖခင်​ဖြစ်​သူဟာ ​ပျောက်​ဆုံးသွားခဲ့ပြီး ​နောက်​ ၃ နာရီအကြာမှာ သူ့ရဲ့အ​လောင်းကို ဂို​ဒေါင်​ထဲကပြန်​လည်​​တွေ့ရှိခဲ့ရတာဖြစ်​ပါတယ်​။


သမီးဖြစ်​သူရဲ့ နှုတ်​စကားကို အလွန်​အကျွံခံစားသွားခဲ့​​ရတာဟာ ဘာ​ကြောင့်​မှန်းမသိရ​ပေမဲ့ ရန်​ပွဲဟာအ​တော်​​လေးပြင်းထန်​ဆိုးဝါးခဲ့ပုံရပြီး ဖခင်​ဖြစ်​သူဟာ ကိုယ့်​ကိုယ်​ကိုယ်​ အဆုံးစီရင်​ဖို့အထိဖြစ်​ခဲ့ရခြင်းကိုကြည့်​ရင်​ ​တော်​ရုံရန်ဖြစ်​စကားများရုံသာမဟုတ်​မှန်း ပတ်​ဝန်းကျင်​ ​ဝေဖန်​​ပြောဆိုမှု​တွေလဲ ထွက်​​ပေါ်​နေခဲ့တာပါ။ ဒါ​ပေမဲ့ တကယ့်​အဖြစ်​မှန်​အစစ်​အတိုင်းကို​တော့ မိသားစု​အိမ်​​တွင်း​ရေးဖြစ်​တာမို့ မိသားစုတွင်းမှာသာ အတိအကျသိရှိကြမှာ အ​သေအချာပါ။


Credit: EFIL-ApannPyay(အပန်းပြေ)


Source- Worldofbuzz