တိုက်​ကြီးမြို့နယ်​တွင် အကျဉ်းသား(၆)ဦး ထွက်​​ပြေးမှု

2019-08-21 18:31:06


တိုက်​ကြီးမြို့နယ်​တွင် အကျဉ်းသား(၆)ဦး ထွက်​​ပြေးမှု

တိုက်​ကြီးမြို့နယ်​၊အိုင်​က​လောင်စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်​အသက်​​မွေးမှုအတတ်​သင်​စန်းမှအကျဉ်းသား(၆)ဦးထွက်​​ပြေးရာမှပြန်​လည်​ဖမ်းဆီးရမိ


ရန်​ကုန်​တိုင်း​ဒေသကြီး၊ရန်​ကုန်​​မြောက်​ပိုင်းခရိုင်​​၊တိုက်​ကြီးမြို့နယ်​၊ဆင်​ခြံ​ကျေးရွာအုပ်​စု၊ မွတ်​သား​ကျေးရွာရှိ အိုင်​က​လောင်​ရဲဘက်​စန်းမှရဲဘက်​အကျဉ်းသား(၆)ဦး ထွက်​​ပြေးရာမှပြန်​လည်​ဖမ်းဆီးရမိ​ကြောင်း သိရသည်​။


ဖြစ်​စဉ်​မှာ(၂၀-၈-၂၀၁၉)ရက်​​နေ့၊​နေ့လယ်​(၃:၁၅)အချိန်​တွင်​အိုင်​က​လောင်​စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်​အသက်​​မွေးမှုအတတ်​သင်​စခန်းမှလက်​​ထောက်​ကြီးကြပ်​​ရေးမှူး(၁)​ကျော်​မင်းထိုက်​သည်​တပ်​ခွဲတာဝန်​ဖြင့်​ကြီးကြပ်​၍၊အကျဉ်း​ထောင်​တပ်​ကြပ်​စိုးမင်းထက်​၊အကျဉ်း​ထောင်​တပ်​သားလှ​အေးတို့နှင့်​အတူအကျဉ်းစခန်းရှိအကျဉ်းသားအင်​အား(၆၇)ဦးတို့ဖြင့်​၎င်းစခန်း၏​မြောက်​ဘက်​ရှိတပ်​ခွဲ(၁)၊ကွင်းအမှတ်​(၉)တွင်​ ပိုက်​ဆွဲခြင်း၊ဒုံးတင်ခြင်းများပြုလုပ်​​နေစဉ်​ရဲဘက်​အကျဉ်းသား(၁)မျိုးမြင့်​​ဆွေ​(ခ)​ဇော်​မျိုး​အောင်​(၂ )လင်းခိုင်​(၃)ကို​ထွေး(၄)ဖြိုးသက်​​အောင်​(၅)သိန်း​ဇော်​(၆)သက်​ထွန်းဦး​(ခ)​နေလင်းတို့(၆)ဦးသည်​အလုပ်​ လုပ်​ကိုင်​​နေရင်းမှထွက်​​ပြေးသွားခဲ့သည်​။


ရဲဘက်​အကျဉ်းသားများထွက်​​ပြေးသွားရာ​နောက်​သို့လက်​​ထောက်​ကြီးကြပ်​​ရေးမှူး(၁)​ကျော်​မင်းထိုက်​နှင့်​အဖွဲ့မှလိုက်​လံဖမ်းဆီးရာ​နေ့လယ်​(၃:၃၀)အချိန်​ခန့်​တွင်​မျိုးမြင့်​​ဆွေ(ခ)​ဇော်​မျိုး​အောင်​နှင့်​ကို​ထွေးတို့အားလည်း​ကောင်း၊ည​နေ(၄)နာရီအချိန်​ခန့် ​တွင်​လင်းခိုင်​အားလည်း​ကောင်း၊ည​နေ(၄:၃၀)အချိန်​ခန့်​တွင်​သိန်း​ဇော်​၊သက်​ထွန်းဦး(ခ)​နေလင်းနှင့်​သက်​​အောင်​တို့အား အကျဉ်းစခန်း၏​မြောက်​ဘက်​(၂ )မိုင်​ခန့်​အကွာစကမှုလယ်​ယာအတွင်း တွင်​ပြန်​လည်​ဖမ်းဆီးရမိခဲ့သည်​။


ဖမ်းဆီးရရှိမိသည့်​ရဲဘက်​အကျဉ်းသားများဖြစ်​​သော


(၁)မျိုးမြင့်​​ဆွေ(ခ)​ဇော်​မျိုး​အောင်​(၂၅)နှစ်​(ဘ)ဦးမြင့်​သိန်း၊သရက်​ချို​ကျေးရွာ၊လဘအုပ်​စု၊၀က်​ထီးကန်​မြို့နယ်​။


(၂ )လင်းခိုင်​(၃၀)နှစ်​(ဘ)ဦး​အောင်​သိန်း၊​ရေ​အေးဆိပ်​၊ရန်​ငြိမ်းချမ်းသာရွာ၊မြစ်​သားမြို့နယ်​။(၃)ကို​ထွေး(၄၀)နှစ်​(ဘ)ဦးဝင်းကြည်​၊အုတ်​ဖို​ကျေးရွာ၊အ​ရှေ့ကြိုကုန်းအုပ်​စု၊​ပေါက်​​ခေါင်းမြို့နယ်​၊ပဲခူးတိုင်း​ဒေသကြီး။


(၄)ဖြိုးသက်​​အောင်​(၁၉)နှစ်​(ဘ)ဦးသက်​တင်​၊ဦးအုန်း​ရွှေကာကြီးလမ်း၊စက္က​လေးရပ်​ကွက်​၊ကြည့်​မြင်​တိုင်​မြို့နယ်​။(၅)သိန်း​ဇော်​(၃၁)နှစ်​(ဘ)ဦး​မောင်​ခင်​၊​ညောင်​ဦးဖီးရွာ၊၀မ်းတွင်းမြို့နယ်​၊မန္တ​လေးတိုင်း။


(၆)သက်​ထွန်းဦး​(ခ)​နေလင်း(၃၀)နှစ်​(ဘ)ဦးကြည်​၀င်း၊​ရွှေပုပ္ပါးလမ်း၊(၅၅)ရပ်​ကွက်​၊​တောင်​ဒဂုံမြို့နယ်​။


တို့(၆)ဦးအားတိုက်​ကြီးမြို့နယ်​ကတိုင်​စိန်​နယ်​​မြေရဲစခန်းမှအမှုစစ်​ဒုရဲအုပ်​​ဇော်​​အေးမှလက်​ခံစစ်​​ဆေးပြီးကတိုင်​စိန်​နယ်​​မြေရဲစခန်း(ပ)၆၃/၂၀၁၉.ရာဇသတ်​ကြီးပုဒ်​မ ၂၂၄.အရအမှုဖွင့်​လှစ်​အ​ရေးယူထား​ကြောင်း သိရှိရပါသည်​။


မျိုးမင်းသူ(တိုက်​ကြီး)Real News Distribution Agency.


ApannPyay