ချစ်သူကို ဆုံးရှုံးရမှာ ကြောက်လို့ မြေးမလေးကို ခိုးပြီး ကလေးလုပ်တဲ့ အမျိုးသမီး

2019-08-21 20:12:05


ချစ်သူကို ဆုံးရှုံးရမှာ ကြောက်လို့ မြေးမလေးကို ခိုးပြီး ကလေးလုပ်တဲ့ အမျိုးသမီး

တရုတ်​ပြည်​က အသက်​ ၅၅ နှစ်​အရွယ်​ အမျိုးသမီးတစ်​ဦးဟာ ကိုယ်​ဝန်​ရှိဟန်​ လိမ်​လည်​ဟန်​​ဆောင်​ပြီး သူ့ရဲ့​မြေး​လေးဖြစ်​သူကို ခိုးယူသွားခဲ့ပါတယ်​။ အဓိကအ​ကြောင်းက​တော့ သူ့ရဲ့ချစ်​သူက သူ့ကိုပစ်​မသွား​ရ​အောင်​လို့ ကိုယ်​ဝန်​ရ​နေဟန်​​ဆောင်​ပြီး ​မြေးဖြစ်​သူကို ဟန်​​ဆောင်​က​လေးအဖြစ်​ အသုံးချသွားခဲ့တာပါ။


သတင်း​တွေရဲ့​ဖော်​ပြချက်​အရ သူဟာ အရင်​ကအိမ်​​ထောင်ကျခဲ့ဖူးပြီး​ အခုအချိန်​မှာ အချစ်​သစ်​ရ​နေခဲ့တာပါ။ သူ့ရဲ့ချစ်​သူအသစ်​က သူတို့နှစ်​​ယောက်​ က​လေးယူနိုင်​တဲ့အ​ခြေအ​နေရှိမှသာ သူတို့နှစ်​ဦး ​ရှေ့ဆက်​လက်​တွဲနိုင်​မယ်​လို့ အကျပ်​ကိုင်​ခြိမ်း​ခြောက်​ခဲ့တာဖြစ်​ပါတယ်​။


အဲ့ဒီအချိန်​ကစလို့ အမျိုးသမီးဟာ ကိုယ်​ဝန်​​ဆောင်​နို​င်​ဖို့ ကြိုးစား​နေခဲ့တာဖြစ်​ပြီး တစ်​ရက်​သားမှာ​တော့ သူဟာ ချစ်​သူရဲ့ကိုယ်​ဝန်​ကို​ဆောင်​နိုင်​ခဲ့ပြီဖြစ်​​ကြောင်း သူ့ချစ်​သူကိုအသိ​ပေးခဲ့ပါတယ်​။ ကံမ​ကောင်းအ​ကြောင်းမလှစွာဘဲ သူ့ရဲ့အရွယ်​လွန်​မှု​ကြောင့်​​ရော၊ မ​တော်​တဆ ​ချော်​လဲပြုတ်​ကျသွားခဲ့တာ​ကြောင့်​​ရော အဲ့ဒီကိုယ်​ဝန်​ဟာ ပျက်​စီးသွားခဲ့ပြီး သူတို့ရင်​​သွေး​လေးကို ဆုံးရှုံးသွားခဲ့ရပါတယ်​။




သူက ချစ်​သူဟာ သူ့အ​ပေါ်ကိုစိတ်​​ပြောင်းသွားမှာကို စိုးရိမ်​စိတ်​နဲ့ အမှန်​တရားကိုထုတ်​မ​ပြောဘဲ ကိုယ်​ဝန်​ရှိ​နေဟန်​ ဆက်​လက်​ဟန်​​ဆောင်​​နေခဲ့တာပါ။ သူဟာ ဝတ်​ထားတဲ့ အကျီ​အောက်​ထဲမှာ ​ခေါင်းအုံး​တွေနဲ့ အဝတ်​အစား​တွေကို ခုခံထည့်​ထားခဲ့ပြီး ကိုယ်​ဝန်​​ဆောင်​​နေဆဲပုံစံအ​နေနဲ့ ဆက်​လက်​ဟန်​​ဆောင်​​နေခဲ့ပြီး ချစ်​သူကိုလဲကိုယ်​ဝန်​​ဆောင်​ဓာတ်​ပုံ​တွေကို အဆက်​မပြတ်​​ပေးပို့ခဲ့​တာပါ။


တကယ်​​က​လေး​မွေးဖွာလာမယ့်​အချိန်​အတွက်​လဲ သူဟာ ကြိုတင်​ပြင်​ဆင်​ကြံစည်​စီစဉ်​ထားပြီးဖြစ်​ပါတယ်​။ ​မွေးလ​ရောက်​တဲ့အခါ သူဟာ သူ့ရဲ့​မြေးအရင်းကို ခိုးယူလိုက်​ပြီး သူ​မွေးဖွားခဲ့တဲ့က​လေးအ​နေနဲ့ ကြံရည်​ဖန်​ရည်​လုပ်​ခဲ့ပါ​တော့တယ်​။




သူဟာ အရင်​အိမ်​​ထောင်​ဘက်​​ဟောင်းက​နေတစ်​ဆင့်​ ရလာတဲ့ သူ့ရဲ့​မြေး​လေးဖြစ်​သူကို ​မြေး​လေးရဲ့​မွေး​နေ့မှာပဲ ခိုးယူသွားခဲ့တာဖြစ်​ပါတယ်​။ အိမ်​​ထောင်​ဘက်​​ဟောင်းက မသကာင်္ဖြစ်​ပြီးလိုက်​စုံစမ်း​တော့မှ ရဲကိုတိုင်​လိုက်​​တော့မှ ​နောက်​သုံးရက်​အကြာမှာပဲ အမျိုးသမီးကို တိုက်​ခန်းတစ်​ခုမှာ က​လေး​လေး နဲ့ အတူ လက်​ပူးလက်​ကြပ်​ မိသွားခဲ့တာပါ။


အမျိုးသမီးဟာ သူ့ရဲ့ချစ်​သူကို အရမ်းချစ်​လွန်းလို့လုပ်​မိခဲ့တာပါလို့ ဝန်​ခံသွားခဲ့ပြီး အခုချိန်​မှာ​တော့ သူဟာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထား​နေရပြီဖြစ်​ပါတယ်​။


EFIL- ApannPyay


Source -worldofbuzz