ရန်ကုန်မြို့တွင်တရားမဝင် ဗုံးများ တင်ဆောင်လာသည့် ကားတစ်စီး ဖမ်းဆီးရမိသည့်ဗီဒီယိုဖိုင်

2019-08-21 20:28:36


ရန်ကုန်မြို့တွင်တရားမဝင် ဗုံးများ တင်ဆောင်လာသည့် ကားတစ်စီး ဖမ်းဆီးရမိသည့်ဗီဒီယိုဖိုင်

ကြည့်မြင်တိုင် သရက်တော (၅) လမ်းထိပ်တွင် ဗုံးများ တင်ဆောင်လာသည်ဟု ယူဆရသော ကားတစ်စီးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး


(၂၁.၈.၂၀၁၉) ရက်နေ့ ယနေ့ ၂: ၄၀ မိနစ်အချိန်ခန့်တွင် အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်ရှိ သရက်တော ၅ လမ်းထိပ်တွင် လက်ပစ်ဗုံးနဲ့အာပီဂျီလက်နက်များ တင်ဆောင်လာသည်ဟု

ယူဆရသော ကားတစ်စီးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တရားခံကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦးသတင်းရရှိပါတယ်။




မန္တလေးတိုင်းဒေသကြီးရှိ ပြင်ဦးလွင် တပ်မတော်နှင့်နည်းပညာတက္ကသိုလ်ရှိ အဆောက်အဦများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များမှ ရက်အတော်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ တပ်မတော်တို့ရဲ့ ထိတွေ့မှုတွေဟာ နေ့စဉ်နီးပါးဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ သေဆုံးသူပြည်သူများလည်း များပြားလာခဲ့ပါတယ်။




တပ်မတော်နှင့်နည်းပညာတက္ကသိုလ်တည်ရှိရာ ပြင်ဦးလွင်မြို့ထိ ပစ်ခတ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ လုပ်ရပ်ကြောင့် ပြည်သူအများစုကလည်း စိုးရိမ်ထိတ်လန့်မှုတွေများစွာဖြစ်ပေါ်နေခဲ့ကြပါတယ်။

ကြည့်မြင်တိုင်လမ်းမပေါ်ရှိ သရက်တော (၅) လမ်းထိပ်တွင်လည်း လက်နက်များသယ်ဆောင်လာခြင်းဖြစ်သည်ဟု လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက Live လွှင့်ဖော်ပြထားပါတယ်။