ကားတစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိသည်ဆိုသည်မှာ လျှိုဝှက်လေ့ကျင့်မှုသာဖြစ်

2019-08-21 21:33:28


ကားတစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိသည်ဆိုသည်မှာ လျှိုဝှက်လေ့ကျင့်မှုသာဖြစ်

ကည့်မြင်တိုင် သရက်တော (၄) လမ်းတွင် ကားတစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းမိသည်ဆိုသည်မှာ လျှိုဝှက်လေ့ကျင့်မှုသာ ဖြစ်


ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တစ်စီးကို ဖမ်းဆီးရသည်ဟူသော သတင်းများသည် ဇာတ်တိုက်လေ့ကျင့်ခြင်းသာ ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး မျိုးဦးက သြဂုတ်လ ၂၁ ရက်တွင် ပြောသည်။




“လေ့ကျင့်တာ၊ လေ့ကျင့်တာ၊ အဲဒါလေ့ကျင့်နေတာ” ဟု ၄င်းက iSee မီဒီယာသို့ ပြောသည်။


အဆိုပါ လေ့ကျင့်မှုသည် လက်နက်ပါသော ကားသုံးစီးအား ရန်ကုန်မြို့ထဲတွင် လွှတ်လိုက်ပြီး မြို့နယ် ရဲတပ်ဖွဲ့များက ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခြင်းကို လျှို့ဝှက်လေ့ကျင့်ကြခြင်းဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်တွင် ပထမဆုံး တစ်စီးကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။




အဆိုပါ အခြေအနေကြောင့် မြို့နေလူထုမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။




ကိုဖူးသစ် (iSee Media)

လေးစားစွာဖြင့် ခရက်ဒစ်


Credit – baganthar