TNLA /AA နဲ့ MNDAA ပူးပေါင်းအဖွဲ့အားအပြီးတိုင် ချေမှုန်းပြစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ခွင်ပြု

2019-08-21 21:44:45


TNLA /AA နဲ့ MNDAA ပူးပေါင်းအဖွဲ့အားအပြီးတိုင် ချေမှုန်းပြစ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ခွင်ပြု

ရက်နေ့ မနက် ၅ နာရီခွဲ အချိန်တွင် ဖြစ်ပွားခဲ့ သော ပြင်ဦးလွင် DSTA သင်တန်းကျောင်း အပါအဝင် နောင်ချိုမြို့နယ်အတွင်း ဂုတ်တွင်း လမ်းပေါ်မှအဓိက မော်တော်ယာဉ်စစ်ဆေးရေးဂိတ်တွေ နဲ့တပ်ရင်းဌာနချုပ်တခု အား TNLA၊ AAနဲ့MNDAA မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖော် ပူးပေါင်းအဖွဲ့ အင်အား (၈၀၀ )ခန့်မှ




တပြိုင်နက်တည်းအချိန်ကိုက်တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့အနီး တရုပ်မြန်မာ အဓိက ကုန်သွယ်မှုလမ်းကြောင်း ပေါ်ရှိဂုတ်တွင်းတံတားအား မိုင်းများ ဖြင့်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့သည့် အတွက် တပ်မတော်စစ်ကြောင်းများမှ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်း ဆောင်ရွက်ခဲ့ရာ မိမိဘက်မှ စစ်သည်အချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ကျဆုံးမှုများ ရှိခဲ့ပြီး


လက်နက်ကိုင်သောင်းကျန်သူများမှအပြစ်မဲ့ယာဉ်မောင်း အချို့အား ပစ်ခတ်သတ်ဖြတ်သွားခဲ့ သည့်အတွက် နိုင်ငံတော်မှ၎င်း မဟာမိတ်တပ်ဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်များ အဖြစ်သတ်မှတ်ပေးရန်နှင့် တပ်မတော် မှဆက်လက်တိုက်ခိုက် ချေမှုန်းနိုင်ရန် နိုင်ငံတော် အစိုးရထံ ချက်ချင်းခွင့်ပြုမိန့်တောင်းခံခဲ့ရာ




နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ခေါ်ယူတွေ့ဆုံခဲ့ ပြီး ဖြစ်စဉ်အတွင်းကျဆုံးခဲ့သော တပ်မတော်သားများအတွက် စိတ်မကောင်းဖြစ်မိကြောင်း အခုလိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးကိုသူမအနေဖြင့်လုံးဝလက်မခံ ကြောင်း နှင့် အခုအချိန်မှာ တိုင်းရင်းသားတွေ နဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ




ဆွေးနွေးဖို့ ၂၁ ရာစု ပင်လုံဆွေးနွေးပွဲ စတင်ဖို့ပြင်ဆင်နေချိန်ဖြစ်ပေမယ့် ယခုလို အင်အားသုံး တိုက်ခိုက်လာမှုဟာ လက်ရှိအစိုးရကို စော်ကား သလိုကဖစ်နေတဲ့ အတွက် အပြီးတိုင် ချုပ်ငြိမ်းသည်အထိ အမြစ်ဖြတ်တိုက်ခိုက်ခွင့်ပြု ကြောင်းနှင့်လိုအပ်သည်များ ကိုအစိုးရအဖွဲ့နှင့် ညှိနိုင်းပြီး ထောက်ပံ့ကူညီသွား မယ်လို့ပြောကြားခဲ့ကြောင်းသိရသည် ။