အိမ်သာတက်စဉ် ဖုန်းသုံးတတ်သူများအတွက် အန္တရာယ်သတိပေးချက်

2019-08-21 21:45:56


အိမ်သာတက်စဉ် ဖုန်းသုံးတတ်သူများအတွက် အန္တရာယ်သတိပေးချက်

လွန်ခဲ့တဲ့ ၃ နှစ်က ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အိမ်သာသွားနေစဉ် မိနစ် ၃၀ ကြာ စမတ်ဖုန်း သုံးနေခဲ့တယ်။ ကိစ္စပြီးလို့ မတ်တပ်ရပ်လိုက်တဲ့အခါ မေ့မျောလဲကျပြီး ဆေးရုံရောက်ချိန်မှာတော့ လုံးဝ လေဖြတ်နေပါပြီ။


ဒီအမျိုးသားဟာ ဒီမတိုင်ခင် ကျန်းမာရေးကောင်းသူ တစ်ဦးပါ။ ဘာကျန်းမာရေး ပြဿနာမှ မရှိခဲ့ဘူး။ ဆရာဝန်ရဲ့ ရှင်းလင်းပြောကြားချက်အရ ပုံစံတစ်မျိုးတည်း ကွေးညွှတ်ကာ ကြာရှည်စွာထိုင်နေတဲ့အတွက်


ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှုကို ကန့်သတ်သွားစေတယ်။ တနည်းအားဖြင့် ခန္ဓာကိုယ်အနှံ့ သွေးမရောက်ဖြစ်သွားတယ်။ အထူးသဖြင့် ဦးနှောက်ထဲ သွေးအရောက်နည်းသွားတယ်။




ဒါ့အပြင် သူသွားခဲ့တဲ့ ရေအိမ်ဟာ ကျဉ်းမြောင်းတဲ့အတွက် လေစီးဝင်မှု နည်းပါးနေလို့ သွေးထဲအောက်ဆီဂျင် နည်းသွားတာပါ။ ကိစ္စပြီးလို့ ထိုင်ရာမှ ရုတ်တရက် ထလိုက်တဲ့အချိန် ဦးနှောက်ထဲ


အောက်ဆီဂျင်နည်းသွားလို့ မူမေ့လဲကျ သတိလစ်သွားရတာပါ။ ဒါ့အပြင် အိမ်သာသွားနေစဉ် ဖုန်းသုံးပါက ဝမ်းချုပ်တတ်တယ် လို့လည်း သတိပေးပါတယ်။


အောက်ဖေါ်ပြပါ အချက်တွေ ဖြစ်ပေါ်လာပါက ဖုန်းအသုံးပြုနေခြင်းကို ချက်ချင်းရပ်ပစ်ပါလို့ ဆရာဝန်က အကြံပြုထားတယ်။




[1] တယ်လီဖုန်းကို တစ်ပုံစံတည်း တာရှည်ကိုင်ထားလျှင် သွေးလည်မှု မပြည့်ဝလို့ ထုံကြင်လာတတ်တယ်။ လက်ချောင်းအသုံးပြုတာများရင် လက်ချောင်းထုံကြင်လာတတ်တယ်။


ထုံကြင်မယ် နာကြင်မယ် လှုပ်ရှားမှုခက်လာမယ်ဆိုရင် ဖုန်းသုံးတာ ချက်ချင်းရပ်ပြီး လက်ချောင်းများကို ပျော့ပျောင်းလာအောင် နှိပ်နယ်ပေးပါ။


[2] ဖုန်းသုံးသူအများစုဟာ ဖုန်းကို ရင်ဘတ်အမြင့်လောက်မှာသာ ကိုင်ပြီး ခါးကိုင်း၍ ဇက်ညွှတ်ကာအသုံးပြုကြတယ်။ ဒီအချိန်မှာ နောက်ကျောရိုးတလျှောက် အထူးသဖြင့် လည်ပင်းပေါ် ဖိအားကျနေတယ်။




ဦးခေါင်းကို ၆၀ ဒီဂရီစိုက်လိုက်တာနဲ့ ကျောရိုးပေါ် ၂၇ ကီလိုဂရမ်နဲ့ ညီမျှတဲ့ ဖိအားကျနေတယ်။ အထူးသဖြင့် ဇက်ကို ယိုယွင်းစေတယ်။ ညောင်းညာစေတယ်။ ဒါဆို ဖုန်းအသုံးပြုမှု ရပ်ပြီး ဇက်ညောင်းပြေဖို့ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။


[3] မျက်လုံးမှာ မျက်ရည် အမြဲစွတ်စိုနေရန် မျက်တောင် မကြာခဏခတ်ပေးဖို့ သဘာဝက ဖန်တီးထားတယ်။ ဖုန်းတောက်လျှောက် အသုံးပြုတဲ့အခါ စူးစိုက်ကြည့်နေရလို့ မျက်တောင်ခတ်ဖို့ မေ့နေကြကာ မျက်လုံးဟာ ခြောက်သွေ့လာတယ်။


ဒါဟာ မျက်လုံးအတွက် အလွန်အန္တရာယ်များတယ်။ မျက်လုံး ကိုက်ခဲ ညောင်းညာရုံမဟုတ် အမြင်အာရုံလည်း ဝေဝါးပြီး မျက်လုံးကွယ်တဲ့အထိ ဖြစ်နိုင်တယ်။


မျက်စိညောင်းလာလျှင် ဖုန်းသုံးတာရပ်နားပြီး မျက်တောင်များများ ခတ်ပေးပါ။ ပြတင်းမှတဆင့် အဝေးတစ်နေရာကို ကြည့်ပေးပါ။ လမ်းလျှောက်ပေးပါ။




[4] ဖုန်းကို စိတ်ဝင်တစား စူးစိုက်ကြည့်နေစဉ် ထိုင်၍သော်၎င်း လှဲ၍သော်၎င်း တနေရာတည်း အချိန်ကြာမြင့်စွာ နေမိတဲ့အတွက် ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုကို အနှောက်အယှက် ဖြစ်စေတယ်။


အထူးသဖြင့် ခေါင်းပိုင်းနဲ့ ဦးနှောက်ကို သွေးအရောက် နည်းသွားတယ်။ ဒါဆို သတိလစ်မူးမေ့တတ်တယ်။ ဦးနှောက်ကို သွေးလုံလောက်စွာ မရောက်ပါက ဦးနှောက်တစ်ခုတည်း ပျက်စီးတာမဟုတ်ပဲ ခန္ဓာကိုယ်အခြား


အစိတ်အပိုင်းများလည်း ထိခိုက်နိုင်တယ်။ သတိထားပြီး မကြာခဏ ဖုန်းဘေးချကာ ကြွက်သားများ အနားပေးရင်း သွေးလှည့်ပတ်မှုကောင်းအောင် မတ်တပ်ရပ် လမ်းလျှောက်ကာ ကိုယ်လက် လှုပ်ရှားပေးပါ။ ခရက်ဒစ်ရှမ်းကြီးအမ်အမ်.