ကြိတ်ကြွေနေတဲ့ ကောင်မလေးက ချစ်သူရသွားလို့၊ သတ်သေခဲ့တဲ့ (၁၃)နှစ် ကောင်လေး

2019-08-21 22:50:29


ကြိတ်ကြွေနေတဲ့ ကောင်မလေးက ချစ်သူရသွားလို့၊ သတ်သေခဲ့တဲ့ (၁၃)နှစ် ကောင်လေး

ကျောင်းက ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကောင်လေးတစ်ယောက်ဟာ သူ ကြိတ်ပြီး ကြိုက်ရတဲ့ ကောင်မလေးက တစ်ခြားကောင်လေးနဲ့ Date နေတာကို သိပြီးနောက်၊ မိမိအခန်းထဲမှာပဲ ကြိုးဆွဲချ သတ်သေခဲ့ကြောင်း သိရပါတယ်။


သူ့အမည်ကတော့ Harry Storey ဖြစ်ပြီး၊ အသက်(၁၃)နှစ်ပါ။ အားကစားဘက်မှာ ထူးချွန်တဲ့သူဖြစ်လို့ သူနဲ့ ရွယ်တူ ကောင်မလေးတွေကြားမှာတော့ King တစ်ယောက်ပါဘဲ။ သူဟာ သူ ကြိတ်ကြွေနေတဲ့ ကောင်မလေးက တစ်ခြားကောင်လေးနဲ့ လက်တွဲချိတ်သွားလို့-




သူငယ်ချင်းတွေချင်း စုထားတဲ့ WhatsApp GP မှာ သူ သေကြောင်းကြံစည်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်းတွေက သူ နောက်နေတာပဲဆိုပြီး ဒီကိစ္စကို သိပ်အရေးအရာ မထားခဲ့ကြပါဘူး။ Harry ဟာ တီဗွီအစီအစဉ်တစ်ခုမှာ-


ချစ်သူနဲ့လွဲခဲ့တဲ့မင်းသမီးက သေကြောင်းကြံစည်သွားတဲ့ပြကွက်ကိုလည်း စိတ်ထဲစွဲနေပါတယ်။ ဒါကြောင့် သူဟာ ကောင်မလေးက ပြန်မကြိုက်တာနဲ့ ဒီလို လုပ်ခဲ့တာလို့ သေမှုသေခင်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ သူ ကြိုးဆွဲချသေဆုံးနေတာကို ဖခင် Andrew Storey ကတွေ့ခဲ့တာပါ။




ဒီအဖြစ်အပျက်ဟာ Didcot, Oxon အနီးက Chilton မှာဖြစ်ခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ Harry ရဲ့ မိဘတွေကတော့ ထင်မှတ်မထားတဲ့ အဖြစ်ဆိုးအတွက် အတော်လေး စိတ်မကောင်းဖြစ်နေကြပါတယ်။ မိဘတွေကတော့ သူတို့သားဟာ ပျော်ပျော်နေတတ်ပြီး၊ ဒီလိုလုပ်လိမ့်မယ်လို့ မတွေးခဲ့ပါဘူးတဲ့။


နေသူရိန်


Credit: D Nae Khit Media