အောက်ဆီဂျင်ရဖို့တန်းစီရင်း သူလှူလိုက်တဲ့ထမင်းဗူးလေးတွေကို မိုးရွာကြီးထဲမှာ ထိုင်စားနေကြတဲ့ ပြည်သူတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဧငြိမ်းဖြူ


အောက်ဆီဂျင်ရဖို့တန်းစီရင်း သူလှူလိုက်တဲ့ထမင်းဗူးလေးတွေကို မိုးရွာကြီးထဲမှာ ထိုင်စားနေကြတဲ့ ပြည်သူတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဧငြိမ်းဖြူ

ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို မြန်မာပြည်သူတွေဟာ အလူးအလဲခံစားနေရပြီး သုသာန်တွေ၊ဆေးရုံတွေ မှာလည်းလူ တွေမျ ားပြားနေသ လို အောက်ဆီဂျင်ဖြည့်ပေးတဲ့ နေရာတွေမှာလည်း ပြည်သူတွေဟာ နေပူမရှောင်၊မိုးရွာမရှောင်တန်းစီနေ ကြရပါတယ်။ ကိုဗစ်ရောဂါတွေကြေ ာင့်အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေက လည်း ချွေ းနည်းစာထဲက တတ် နိုင်သလောက် လှူဒါန်းပေးနေကြကာ ကူညီဖေးမနေကြပါတယ်။ သရုပ်ဆောင်ဧငြိမ်းဖြူကလည်း  မနေ့က ဝမ်းသာပီတိ ဖြစ်စရ ာကောင်းသလို အရမ်းလည်းကုသိုလ်ရတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။


အောက်ဆီဂျင်ဖြည့်ရဖို့အတွက် မိုးရွာကြီးထဲမှာ ပင်ပင်ပန်းပန်းနဲ့တန်းစီစောင့်ဆိုင်းနေကြတဲ့ တောင် ဒဂုံကပြည်သူ တွေကို သူမက ထမ င်း ဗူး(၁၀၀)ပေးဝေလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အောက်ဆီဂျင်ရဖို့ကိုသာ စိတ်ထဲထားပြီး ထမင်းမေ့ ဟင်းမေ့တန်း စီနေကြချိန် အခုလိုလာရောက်လှူဒါန်းတာကြောင့် ပြည်သူတွေက ဝမ်းသာနေကြပြီး လာရောက်လှူဒါန်းတဲ့ထမင်းဗူး(၁၀၀)ဟာလည်း (၅)မိနစ်အတွင်းကုန်သွာ းခဲ့ပါ တယ်။ ဗိုက်ဆာဆာ နဲ့ မိုးရွာကြီးထဲ မှာ သူပေးလှူတဲ့ ထမင်းဗူးလေးတွေကို စားနေကြတဲ့ ပြည်သူ တွေကို ကြည့် ပြီး အိမ်ပြန်ရောက်တဲ့အ ထိ တော်တော်စိတ်မကောင်းဖြစ်မိကြောင်း ဧငြိမ်းဖြူက ဖွင့်ဟလာခဲ့ပါတယ်။


သူမကတော့ ကိုဗစ်လူနာတွေအတွက် အပင်ပန်းခံ နေတဲ့ပြည်သူတွေကို တတ်နိုင် သလောက်လှူဒါန်း ခဲ့တာဖြစ်ပြီး ပရိသတ် တွေကလ ည်း သူမရဲ့အလှူလေးအတွက် သာဓုခေါ်ဆို နေကြပါတယ်။ ဧငြိမ် းဖြူကတော့ ” ဒီနေ့မ နက် Oxygen တန်းစီနေရတဲ့ပြည်သူတွေအတွက် ထမင်းဗူး (၁၀၀)ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပါတယ်ရှင့်အဲလောက်လူတွေများမယ်မှန်းမသိလို့ ထမင်းဗူး(၁၀၀)က ငါးမိနစ်အတွင်းမှာ ဘယ်လိုကုန်သွားမှန်းတောင်မသိဘူးA စရောက်တဲ့အချိန်မှာ မိုးကအရမ်းရွာနေတာ မိုးရေထဲမှာ ကိုယ်ပေးတဲ့ထမင်းဗူးလေ းတွေစားနေကြတာမြင်တော့ လူကပြန်ရောက်တဲ့ထိ တော်တော် စိတ်မကောင်းဘူး နောက်ရက် တွေ ကျ အများကြီးသွားထပ် လှူအုံးမယ် “ဆိုပြီး  ရေ းသားထားခဲ့တာပဲဖြစ်ပါတယ်။


Source: A Nyein Phyu ‘s Facebook Acc