မြေးဖြစ်သူပြောပြလာတဲ့၇၇နှစ်အရွယ်အဘွားအောက်စီဂျင်မလိုပဲကိုဗစ်ကိုအနိုင်ယူပြီးပြန်ကောင်းလာတဲ့နည်းလေး


မြေးဖြစ်သူပြောပြလာတဲ့၇၇နှစ်အရွယ်အဘွားအောက်စီဂျင်မလိုပဲကိုဗစ်ကိုအနိုင်ယူပြီးပြန်ကောင်းလာတဲ့နည်းလေး

မြေးဖြစ်သူပြောပြလာတဲ့၇၇နှစ်အရွယ်အဘွားအောက်စီဂျင်မလိုပဲကိုဗစ်ကိုအနိုင်ယူပြီးပြန်ကောင်းလာတဲ့နည်းလေး


နာတာရှည်ရင်ကျပ်ရောဂါရှိတဲ့အသက်၇၇နှစ်ကျော်အဖွား Oxygen မလိုဘဲ covidကိုအနိုင်ယူပြီး ပြန်ကောင်းခဲ့ပြီဖြစ်ကြောင်းပြည်သူတစ်ဦးကလူမူကွန်ယက်မှာရေးသား ထားပါတယ်။


“အိမ်မှာအဖွားစပြီးဖျားပြီးနှစ်ရက်အကြာမှာအနံ့စပျောက်ပါတယ် ။အနံ့စပျောက်တဲ့နေ့ကစလို့အဖွား စိတ်ဓာတ်ကျပီးအစားမစားတော့ပါဘူးအဖွားကအသက်ကြီးတော့အိမ်ကလူတွေတော်တော်စိတ်ပူသွားတာပေါ့ ။


အစားလည်းမစားတော့ ပိုလို့တောင်စိတ်ပူပါတယ် ။ဒါပေ့မယ်အိမ်မှာရှိတဲ့သမီးတွေမောင်နှမတွေကောမြေးတွေကောအစားကိုမစားစားအောင်စိတ်အားမငယ်အောင်စလုပ်ပီးစိတ်ဓာတ်မကျအောင်လုပ်ရပါတယ် ။


အဝေးရောက်နေတဲ့သမီးတွေကအစvideocallနဲ့အားပေးမြေးတွေနဲ့လည်းဖုန်းပြောတကယ်လည်းပြန်ပျော်ရွှင်လာတာနဲ့အစားကိုအနည်းငယ်စစားလာပါတယ် ။


အိမ်ကလူတွေဝိုင်းဖွဲ့ပြီးသူ့နားမှာနေပြီးဟာသတွေပြောကြအစားအသောက်အမျိုးမျိုးလုပ်ပီးစားကြ သောက်ကြနဲ့ပျော်ပျော်ရျွင်ရျွင်ဘဲဖြတ်သန်းကြတယ်။နေမကောင်းတဲ့နေ့ကစလို့ငှက်သိုက်နေ့တိုင်းတိုက် ပေးပါတယ် ။


ဆေးကတော့ Nutrivita တစ်ရက်တစ်လုံး Vitiman C 500mg တစ်ရက်တစ်လုံး Paracetamol500mg တစ် ရက် ၂ကြိမ် အဖျားတက်တဲ့ရက်တွေမှာတော့ သုံးကြိမ် လည်ချောင်းနာတဲ့ရက်မှာAxithromycim တစ်ရက်၁ လုံး၃ရက်လောက်တိုက်လိုက်ရပါတယ်


Oxygenနဲ့အဖျားကိုတော့ခဏခဏတိုင်းပေးရပါတယ်။ကျန်တာတော့ပျော်ရွှင်အောင်စိတ်ဓာတ်မကျအောင်နဲ့အစားအသောက်ကိုမစားစာအောင်လုပ်ပေးရပါတယ်။ခုဆိုအနံ့ပြန်ရပီးကျန်းကျန်းမာမာဖြစ်နေပါပြီ။


စိတ်ဓာတ်ကလည်းအတော့်ကိုခိုင်မာလို့လည်းပါပါတယ်။အဲ့တော့စဖြစ်ပြီဆိုကတည်းကစိတ်ဓာတ်ခိူင်ခိုင်မာမာနဲ့ပြန်ကောင်းမယ်ဆိုတဲ့စိတ်ကိုထားပေးကြပါ ။


ကျွန်တော်တို့အားလုံးတူတူဒါကြီးကိုဖြတ်ကျော်ကြမယ်။အားလုံးအားတင်းထားပါ”လို့ပြည်သူတစ်ဦးကအဖွားနဲ့ပတ်သက်လို့ရေးသားထားတာပဲဖြစ်ပါတယ်။ Credit Myat