ROLL MODEL တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းကို စတင်လှမ်းနိုင်ပြီဖြစ်တဲ့ အလှမယ် သူဇာဝင့်လွင်


ROLL MODEL တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းကို စတင်လှမ်းနိုင်ပြီဖြစ်တဲ့ အလှမယ် သူဇာဝင့်လွင်

သူဇာဝင့်လွင်ကတော့ ပြီးခဲ့တဲ့ (၆၉)ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သူဇာကတော့ ပြိုင်ပွဲကြီး ပြီးကတည်းက အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ခဲ့ပြီး လက်ရှိမှာတော့ လန်ဒန်ကိုရောက်ရှိနေခဲ့တဲ့ အကြောင်းနဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာ သတင်းလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။


သတင်းလေးကတော့ သူဇာက သူ့ရဲ့ ဒုတိယပန်းတိုင်တစ်ခုဖြစ်တဲ့ Roll Model တစ်ယောက်ဖြစ်ဖို့ အိမ်မက်လေးကို စတင်လျှောက်လှမ်းဖို့ ကြိုးစားခွငင့် အခွင့်အရေးလေးရရှိခဲ့တာပဲဖြစ်ပါတယ်။သူဇာကတော့ လန်ဒန်မြို့မှာရှိတဲ့ ပြည်ပမော်လ်ဒယ်အေဂျင်စီတစ်ခုဖြစ်တဲ့ M±P Modeling Agency နဲ့ တစ်နှစ်စာချုပ်‌ချုပ်ဆိုပြီး သူဝါသနာပါတဲ့ Modeling လုပ်ငန်းတွေ လုပ်ကိုင်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။အခုလို ပြည်ပအေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာကမော်လ်ဒယ်တွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ကိုင်နိုင်တော့မှာဖြစ်တဲ့ သူဇာ့အတွက် တကယ်ကို ဂုဏ်ယူစရာပါနော်။


သူဇာကတော့ အခုလို လုပ်ကိုင်ခွင့်ရရှိအောင် ကူညီပေးတဲ့သူတွေရော အမေရိကန်မှာနေထိုင်ခဲ့စဉ်က အစစအရာရာကူညီပေးခဲ့တဲ့ အမေရိ ကန်ရောက်မြန်မာလူမျိုး တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းကိုပါ ဒီသတင်းလေးနဲ့ အတူ ဖော်ပြထားခဲ့ပါ သေးတယ်။ ပရိသတ်ကြီးရေ သူဇာဝင့်လွင်တစ်ယောက် အောင်မြင်တဲ့ Roll Model တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ဖို့အတွက် အားပေး ဏ်ပြုစကားလေးတွေပြောခဲ့ပေးပါဦးနော်။


Credit ; CeleZone


Source – Thuzar Wint Lwin