ကမ္ဘာ့အဆိုးဝါးဆုံး တောမီးရုရှားမှာ ထိန်းမရဖြစ်နေ . . ရုပ်သံ


ကမ္ဘာ့အဆိုးဝါးဆုံး တောမီးရုရှားမှာ ထိန်းမရဖြစ်နေ . . ရုပ်သံ

ရုရှားနိုင်ငံရဲ့ ရာသီဥတုအအေးဆုံး ဆိုက်ဗေးရီးယား မြောက်ပိုင်းဒေသက Sakha မျိူးနွယ်စုတွေအများစုနေထိုင်ရာ Sakha Republic ပြည်နယ်မှာ အဆိုးဝါးဆုံးတောမီးလောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။


ဖြေးဖြေးချင်းလောင်ကျွမ်းနေတာ ရက်အတော်ကြာခဲ့ပြီဖြစ်ပေမဲ့ ထိမ်းချုပ်လို့မရပဲ ပြည်နယ်မြို့တော် Yakutsk ကိုပါ ခြိမ်းခြောက်လာသလို ပြည်နယ်ရဲ့အဓိကလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုပါ ကူးစက်လောင်ကျွမ်းမဲ့ အနေအထားဖြစ်နေတဲ့အတွက် ရုရှားလေတပ်ကပါ ကူညီငြိမ်းသတ်ဖို့ ကျိုးစားနေရတယ်ဆိုပါတယ်။


မီးသတ်သမား (၂)ထောင်ကျော်အပြင် စေတနာ့ဝန်ထမ်းတွေပါ ကူညီငြိမ်းသတ်နေကြပေမဲ့ လောင်ကျွမ်းနေဆဲလို့ သတင်းတွေက ဖေါ်ပြပါတယ်။ တောမီးကြောင့် ဧကပေါင်း သိန်းချီ ဆုံးရှုံးရသလို ကမ္ဘာ့အဆိုးဝါးဆုံး လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက သတိပေးပါတယ်။


မြို့တော် အပါအဝင် ပြည်နယ်ထဲက မြို့နယ် (၅၀)ကျော်မှာ မီးခိုးတွေအုံ့မှိုင်းနေပြီး အိမ်အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မြို့တော် လေဆိပ်ကို ပိတ်ထားရသလို ဒေသခံတော်တော်များများဟာ တစ်ခြားပြည်နယ်တွေကို အရေးပေါ်ပြောင်းရွှေ့နေကြတယ်ဆိုပါတယ်။


တောမီးလောင်ရခြင်းအကြောင်းကို မသိရပေမဲ့ အခုနှစ်နွေရာသီဟာ နှစ်ပေါင်း (၁၅၀) အတွင်း ဆိုက်ဗေးရီးယားမှာ အပူဆုံးရာသီဥတု ဖြစ်တယ်ဆိုပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဟာ အဓိကတရားခံဖြစ်တယ်လို့ Sakha ပြည်နယ်အုပ်ချူပ်ရေးမှူးကပြောကြောင်း ရုရှားနဲ့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။


Burma News